လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီသည် စီမံ ကိန်းနယ်မြေအတွင်း မြေယာများ စွန့်လွှတ်ခဲ့ သည့် ဒေသခံ တောင်သူများအား ၂ဝ၁၃ခုနှစ်အတွင်း မြေယာလျော်ကြေးများ ပေးအပ်ခဲ့သည့်အပြင်
၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်မှစ၍ လယ်မြေ ၁ဧကလျှင် ၁၂သိန်း၊ ယာမြေ(ဦးပိုင်ပေါက်) ၁ဧကလျှင် ကျပ်၈သိန်းနှင့်ယာမြေ(ဦးပိုင်မပေါက်)၁ဧကလျှင်ကျပ်၃သိန်း နှုန်းဖြင့် မြေယာ ထောက်ပံ့ကြေးများထပ်မံပေး အပ် လျက် ရှိသည်။
အဆိုပါ ထောက်ပံ့ ကြေးများကို ဆားလင်းကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး ငွေသာခန်းမ၌ ထုတ်ပေးလျက်ရှိရာ ယနေ့အထိ တောင်သူပေါင်း ၃၆၉ဦး၊ မြေဧက ၁ဝ၇၉ ဒသမ ၃၅ဧကအတွက် ထောက် ပံ့ကြေး ငွေကျပ် ၇ဝ၂၆ ဒသမ ၇၂ သိန်းအား လာရောက်ထုတ်ယူ ခဲ့ပြီးဖြစ်သည်။ ထောက်ပံ့ ကြေးများအား ဆက်လက် ထုတ်ပေးသွားမည် ဖြစ်သည့် အပြင် အကြောင်းအမျိုးမျိုးကြောင့် ယခင်မြေယာ လျော်ကြေး ထုတ်ယူ ရန် ကျန်ရှိသည့် ဒေသခံ တောင်သူများ အနေဖြင့် ယခု ထောက်ပံ့ ကြေးနှင့် တစ်ပေါင်းတည်း ထုတ်ယူနိုင်ကြောင်း သတင်း ရရှိသည်။
မြ၀တီ (fb)
No comments:
Post a Comment