Wednesday, February 5, 2014

RCSS/SSA အဖွဲ့ ဆက်ကြေးတာဝန်ခံ အိုက်ပီး မှ ရွာသား(၅)ဦးအား ဖမ်းဆီးခေါ်ဆောင်၍ သိန်း ၃၀ ဖြင့်ရွေးခိုင်း


5 Feb 2014

RCSS /SSA အဖွဲ့ တပ်ရင်း (၆၇၁)မှ ဆက်ကြေးတာဝန်ခံ အိုက်ပီးသည် ဖေဖော်ဝါရီလ ၂ ရက်နေ့က နမ္မတူမြို့နယ် ပန်လုံကျေးရွာမှ သီပေါမြို့သို့မောင်းနှင်လာသော သရီးကရောင်းယာဉ်အား မိုးတေ ကျေးရွာအနီး တားဆီး၍ ရွာ၏ အနောက်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်   သွားကြောင်းသိရသည်။ ထိုနောက် RCSS /SSA အဖွဲ့ ဆက်ကြေးတာဝန်ခံ အိုက်ပီးမှ    ယာဉ်ပိုင်ရှင်ဖြစ်သူအားဖုန်းဖြင့်ဆက်သွယ်၍   “ဖမ်းဆီး
 ခေါ်ဆောင်ခြင်းခံရသူ ၅ ဦးအား ငွေကျပ် ၁၅ သိန်းနှင့် လာရောက်ရွေးယူရန်ပြောပြီး လာရောက်ခြင်းမရှိဘဲ တပ်၊ ရဲ ၊ ဌာနဆိုင်ရာများသို့ အကြောင်း ကြားပါက ဖမ်းဆီးခံရသူ ၅ ဦးအား “သတ်ပစ်မည်ဟု” ပြောခဲ့ကြောင်း သိရသည်။

ယာဉ်ပိုင်ရှင်ဖြစ်သူ ဦးလောဝူမှ ဖမ်းဆီးခြင်းခံထားရသူ အလုပ်သမား ၅ ဦးအား သတ်မည်စိုးသောကြောင့် တပ်ရဲ ဌာနဆိုင်ရာများသို့ အကြောင်းမကြားဘဲ ငွေကျပ် ၁၅ သိန်းဖြင့်ဖေဖော်ဝါရီလ ၄ ရက်နေ့ ၁၁၀၀ နာရီတွင် ပြန်လည် ရွေးယူခဲ့ရပြီး ၄င်း၏ ယာဉ်အတွက် ငွေကျပ် ၁၅ သိန်းပါ ဆက်ကြေးအဖြစ် ပေးခဲ့ရကြောင်းသိရသည်။ ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ သူရလင်း၊ ဖိုးထူး၊ ယေရှု့၊ ဗညား၊ ကာလီ တို့ဖြစ်ပြီး ၄င်းတို့ ၅ ဦးမှာ သီပေါမြို့တွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment