17 Feb 2014
စစ်မြေပြင်မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဗြိတိန် အမျိုးသမီးတပ်သား ၂၀၀ ကျော်ဟာ ကိုယ်ဝန် ရှိနေကြောင်းစစ်ဆေးတွေ့ ရှိရတာကြောင့် ဗြိတိန်သို့ ပြန်ပို့ ခြင်းခံခဲ့ရပါတယ်။
ရှေ့ တန်းစစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေချိန်အတွင်း ကိုယ်ဝန်ရရှိမှုကိုတားမြစ်ထားတဲ့ ဥပဒေစည်းကမ်းတွေကြောင့်
အာဖဂန်
နစ္စတန်မှာတာဝန်ကျနေတဲ့အမျိုးသမီးတပ်သား၉၉ယောက်နဲအီရတ်ကအမျိုးသမီးတပ်သား၁၀၂ယောက်ကို ရွှေ့ ပြောင်းပေးခဲ့တာဖြစ်ပါတယ်။ တပ်မှူးတွေဟာ ကိုယ်ဝန်ရှိကြောင်းတွေ့  ရှိရတာနဲ့ဒီအမျိုးသမီး တပ်သား တွေကိုလူနာတင်လေယာဉ်တွေနဲ့  ဗြိတိန်ကို ပြန်လည်ပို့ ဆောင်ဖို့  အမိန့် ပေးခဲ့ တယ်လို့ သိရှိရ ပါ တယ်။
အမျိုးသမီးတပ်သားတွေဟာစစ်တပ်ထဲဝင်ရောက်ရာမှာကိုယ်ဝန်ရှိကြောင်းဆေးစစ် မှုတွေ မခံယူခဲ့ရဘူးလို့  ဆိုပါတယ်။
ဗြိတိန်စစ်တပ်မှာ ၀င်ရောက်ထမ်းဆောင်မယ့် အမျိုးသမီးတပ်သားတွေကို သူတို့ ရဲ့ အရှက်သိက္ခာကြောင့် အတင်းအဓမ္မ စစ်ဆေးခွင့်မရှိပါဘူး။
ဒါပေမယ့်လည်း ကာကွယ်ရေးဝန်ကြီးဌာနဟာ ဒီဥပေဒေကို ပြင်ဆင် သွားဖို့ ရှိပြီး အမျိုးသမီးတပ်သားတွေဟာ နောင်မှာ မဖြစ်မနေခံယူရမယ့် စစ်ဆေးမှုတွေ ရှိလာ မယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ စစ်မြေပြင် မှာ တာဝန်ကျနေတဲ့ တခြားအရာရှိ တပ်သားတွေဟာ အန္တရာယ်အခြေအနေမှာ ရှိနေချိန်မှာ ကိုယ်ဝန်ရှိနေတဲ့ တပ်သားတွေကတော့ ဘေးလွတ်ရာကိုရွှေ့ ပြောင်းနေ နေရတဲ့အတွက် ဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ တရားဝင်သတင်းအချက်အလက်တွေအရ ၂၀၀၆ ခုနှစ် အာဖဂန်စစ်မြေပြင် နဲ့ ၂၀၀၃-၂၀၀၉ အီရတ်စစ်မြေပြင်ကနေ ကိုယ်ဝန်ရှိတပ်သား စုစုပေါင်း ၂၀၁ ယောက်ကို ရွှေ့ ပြောင်းပေးခဲ့ရပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီအရေအတွက်ဟာ စစ်တာဝန် ထမ်းဆောင်နေတဲ့ အမျိုးသမီးတပ်သား အရေအတွက်နဲ့ ယှဉ်မယ်ဆိုရင် တစ်ရာခိုင်နှုန်းတောင် မရှိပါဘူးလို့ သိရပါတယ်။
အမျိုးသမီးတပ်သားအများစုဟာ ကိုယ်ဝန်ကို ဗြိတိန်နိုင်ငံက မထွက်ခွာခင်ကတည်းက ရရှိခဲ့တာဖြစ်ပြီး၊ အနည်းစုကတော့ ရှေ့ တန်းမှာတာဝန်ထမ်းဆောင်နေချိန်မှာ ရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ တာဝန် ထမ်းဆောင်နေချိန်မှာ ကာမဆက်ဆံနေကြောင်း တွေ့ ရှိရင် ရာထူးအဆင့်အတန်းအလိုက် ထိရောက်စွာ အပြစ်ပေးမှုတွေ ရှိပါတယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
No comments:
Post a Comment