Sunday, February 23, 2014

မူးယစ်ရမ်းကား TNLA ဆက်ကြေးသမားများ

23 Feb 2014
 
 TNLA (ပလောင်)အဖွဲ့သည် ကျောက်မဲ-မိုးကုတ် ကားလမ်းပေါ်တွင် ဆက်ကြေး ကောက်ခံမှုများပြုလုပ် နေကြောင်းသိရသည်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က မိုးကုတ်မှ ကျောက်မဲသို့   မောင်းနှင်လာသော  ယာဉ် အမှတ်၊  ၉ က/၁၆၀၃ ‘’ စိမ်းစို’’ခရီးသည်တင် မီနီဘတ်စ်ယာဉ်အား ပန်စံကျေးရွာ  အနီးပြိန်းစင့်လမ်းခွဲတွင် 
 TNLA(ပလောင်) အဖွဲ့မှယာဉ်အားရပ်တန့်စေပြီးရိက္ခာဝယ်ယူရန်အတွက်ဆက်ကြေးငွေတောင်းခံ ခဲ့ကြောင်း  သိရသည်။

 ယာဉ်မောင်းမှ ၁၀၀၀၀ ကျပ် ထုတ်ပေးရာ TNLA (ပလောင်)အဖွဲ့မှ “ ၃ ဖွဲ့ ခွဲယူရမှာ ၁၀၀၀၀ နှင့် မရဘူးဟု’’ ပြောသောကြောင့် ယာဉ်မောင်းမှ ၂၀၀၀၀ ကျပ် ပေးခဲ့ရပါသည်။ ထို့အပြင် ဖေဖော်ဝါရီ ၂၂ ရက်နေ့ နေ့လည် ၂ နာရီတွင်လည်း မိုးကုတ်မှ ကျောက်မဲသို့ မောင်းနှင်လာသော ၃ခ/၉၃၈၀ ခရီးသည်တင်မီနီဘတ်စ်ယာဉ်အားTNLA(ပလောင်)အဖွဲ့မှ တားဆီးရပ်တန့်စေပြီး ယာဉ်ကြီး ၁ စီးလျင် ၁ သိန်းကျပ်၊ ယာဉ် ငယ် ၁ စီးလျင် ၅ သောင်းကျပ်ကောက်ခံရန် ၄င်းတို့အား အထက်မှစေခိုင်းထားကြောင်း TNLA အဖွဲ့ဝင်၁ ဦးမှပြောပါသည်။ ယာဉ်မောင်းမှ ၃ သောင်းကျပ်သာ လက်ခံပေးရန် တောင်းပန် ပြောဆိုစဉ် အရက်အမူးလွန်နေသော TNLA (ပလောင်) တပ်ဖွဲ့ဝင် ၂ ဦးသည် စကားများ ရန်ဖြစ်ပြီး သေနတ်များပစ်ဖောက်ခဲ့ကြောင်းနှင့် ယာဉ်မောင်းမှ ဆက်ကြေးငွေ ၃ သောင်းကျပ်အားပေးဆောင်၍ ဆက်လက်ထွက်ခွာ ခဲ့ရကြောင်းသိရသည်။

 TNLA(ပလောင်)၊ SSA(၀မ်ဟိုင်း)၊ KIA (ကချင်)အဖွဲ့များသည် တပ်ပေါင်းစုအသွင်ဖြင့်စုပေါင်းလှုပ်ရှားပြီး အများပြည်သူ သွားလာလှုပ်ရှားနေသော ကျောက်မဲ-မိုးကုတ်ကားလမ်းနှင့် မန္တလေး -မူဆယ် ပြည်ထောင်စု လမ်မကြီးပေါ်တွင် ခရီးသွားပြည်သူများနှင့် ကူးသန်းရောင်းဝယ်သူများထံမှ ဆက်ကြေးကောက်ခံပြီး အသက် အန္တရာယ်ပါ ခြိမ်းခြောက်လာသောကြောင့် စိုးရိမ်ထိန့်လန့်မှုများကင်းဝေးစေရန် ၄င်းအဖွဲ့ အစည်းများ၏ လုပ်ရပ်များအား လွှတ်တော်သို့ တင်ပြဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်းသိရသည်။

No comments:

Post a Comment