Sunday, February 9, 2014

ထိုင်းအခြေစိုက် ၊ ဖူးခက် A.F.S ကုမ္ပဏီပိုင် နိုင်ငံခြား စက်တပ် အပျော်စီး ရွက်လှေမီးလောင်ပေါက်ကွဲမှုဖြစ်ပွား

9 Feb 2014


ကော့သောင်းမြို့နယ် အက်ဒမန်ပင်လယ် ၊ကျွန်းမဲ အနီး ထိုင်းအခြေစိုက် ၊ ဖူးခက်A.F.Sကုမ္ပဏီပိုင် နိုင်ငံခြား စက်တပ် (၃)ထပ် အပျော်စီး ရွက်လှေ တစ်စီး ဖေဖေါ်ဝါရီ ၉ ရက် ၊နံနက် (၁) နာရီ ခန့် ကပင်လယ်ပြင် အတွင်း ရေယာဉ်စက်ခန်းအတွင်း မှ မီးလောင်ပေါက်ကွဲ နှစ်မြုပ်မှု တစ်ခုဖြစ်ပွားသည်။  

  ဖြစ်စဉ်မှာ အဆိုပါကုမ္ပဏီပိုင်MVBLUESTARအမည်ရှိစက်တပ်အပျော်စီးရွက်လှေတစ်စီးသည်မြန်မာနိုင်ငံ ကျွန်းများသို့နိုင်ငံခြားဧည့်သည်များတင်ဆောင်၍ ရေငုတ်အပျော်ခရီးစဉ်ထွက်ခွာလာစဉ် ကော့သောင်းမြို့ နယ် အပိုင် ၊ကျွန်းမဲ အနီးလဒ်တီကျူ့ 11.922 ဒီဂရီ ၊ လောင်ဂျီတွဒ်  93.39 ဒီဂရီ  အကြား ပင်လယ်ပြင်တွင် သင်္ဘော
ဒုတိယအထပ်အိမ်သာမှ တဆင့်   ရေယာဉ်စက်ခန်းအတွင်းသို့  ရေစိမ့်ကျရာမှဝါယာလျှော့ဖြစ်ကာ    အင်ဂျင် ထိန်းချုပ်သည့်အီလစ်ထရွန်နစ်ကွန်ပျူတာကွန်ထရိုးစနစ်များချို့ယွင်းသွားကာအင်ဂျင်အား ထိန်းချုပ်  မရတော့ သဖြင့် မီးစတင်လောင်ကျွမ်း ရာ ပင်လယ်အတွင်း ငါးဖမ်း နေသည့် တ၀-၀၅၃အဏ္ဏ၀ါ၁၀ါလပ် လှေ၏အကူ အညီဖြင့် ကယ်ဆယ်ခဲ့ကြပြီး အဆိုပါ ရွက်လှေ မှာမီးလောင်ပေါက်ကွဲနစ်မြုတ် သွားခြင်းဖြစ်သည်။

အဆိုပါ အပျော်စီးရွက်လှေ ပေါ်တွင် ဖင်လန်နိုင်ငံသား (၁၈)ဦး ၊ ဂျာမဏီ(၃)ဦး ၊ ဆွက်ဇာလန်(၃)ဦး ၊ ၾသစေတ်လ် (၁)ဦး ၊ အင်္ဂလန်(၁)ဦး ၊ တိုင်းသင်္ဘောသား (၆)ဦး နှင့် မြန်မာနိုင်ငံသား (၁)ဦး ၊ ပေါင်း (၃၃)ဦး သည် မိမိတို့၏ PASSPORT များနှင့် အတူ ဖေဖေါ်ဝါရီ ၉ ရက် ညနေ(၃)နာရီ တွင် ကော့သောင်းမြို့ သို့ကယ်ဆယ်ရောက်ရှိလာရာ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများမှ လိုအပ် သည်များကိုကူညီဆောင်ရွက် ပေးပြီး ညနေ(၄း၄၀)နာရီတွင် ထိုင်းနိုင်ငံ ရနောင်းမြို့ သို့ ပြန်လည် ပို့ဆောင်ပေး ခဲ့ကြောင်းသတင်းရရှိသည်။

No comments:

Post a Comment