1 March 2014
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နေ့လည်၂ နာရီတွင်ကျောက်မဲမြို့နယ်၊ လွယ်အံတင်းကျေးရွာအုပ်စု၊ ပန်လော့ ကျေးရွာနေ ဦးမောင်ဝင်း (ပလောင်) (၅၄)နှစ် (တောင်သူ)နှင့် ဇနီးဖြစ် ဒေါ်မယ်ခမ်းဆွေ (၃၉)နှစ် တို့သည် သားသမီး၂ ဦးဖြစ်သူမောင်ဆာ(၆)နှစ်၊မအေးမွန်(၃)နှစ်တို့နှင့်အတူ ပန်လော့ကျေးရွာ အနောက် ဘက်
၎မိုင်
အကွာရှိ ၄င်းတို့ တောင်ယာမှ ပြန်လာစဉ် သောင်းကျန်းသူများ ထောင်ထားသည့် နင်းမိုင်း ၁ လုံးအား ဦးမောင်ဝင်းမှ နင်းမိသဖြင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ထိုကဲ့သို့ ပေါက်ကွဲမှုကြောင့် ဦးမောင်ဝင်းနှင့် သားဖြစ်သူ မောင်ဆာ တို့ ၂ ဦးမှာ ဒဏ်ရာများရရှိကာ မိုင်း ပေါက်ကွဲသော နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒေါ်မယ်ခမ်းဆွေမှာ ယာဒူးခေါင်းပေါက်ပြဲ ဒဏ်ရာနှင့် သမီးဖြစ်သူ မအေးမွန်မှာ ယာလက်ခုံ ဖောက်ဝင်ဒဏ်ရာ တို့ရရှိခဲ့ကြောင်းသိရသည်။
ကျေးရွာသူရွာသားများပြောပြချက်အရကျေးရွာဝန်းကျင်တွင်ဝင်ရောက်လှုပ်ရှားလေ့ရှိသော SSA(၀မ်ဟိုင်း) အဖွဲ့မှ ထောင်ထားသော မိုင်းဖြစ်နိုင်ကြောင်းသိရသည်။ ဒဏ်ရာရရှိသူ ဒေါ်မယ်ခမ်းဆွေနှင့် မအေးမွန်တို့ ၂ ဦးမှာကျောက်မဲခရိုင်ဆေးရုံးကြီးသို့ မတ်လ၁ ရက်နေ့ ၁၀ နာရီမိနစ်၃၀ ရောက်ရှိဆေးကုသမှု ခံနေကြောင်း သိရသည်။
No comments:
Post a Comment