Thursday, March 6, 2014

RCSS/SSA ဆက်ကြေးကောက်ခံမှူ ရဲတင်းလာ

6 March 2014


RCSS/SSA အဖွဲ့များသည် ဆက်ကြေးကောက် လူသစ်စုဆောင်းခြင်းများပြုလုပ်ရန်ကျောက်မဲမြို့အနီး ကျေးရွာ များတွင် သွားလာလှုပ်ရှားမှု ပြုလုပ်နေကြောင်းသိရသည်။ မတ်လ ၂ နေ့က ကျောက်မဲမြို့၊ ရပ်ကွက် ၆ ရွှေဖီးဦးလမ်းရှိ '' စိန်နန်းစိုး" ကားဂိတ်သို့ ရှမ်းအမျိုးသားတစ်ဦးမှ စူပါကပ် မော်တော် ဆိုင်ကယ်ဖြင့်  ရောက်ရှိ
လာပြီး ၄င်းကားဂိတ်မှ ၀န်ထမ်း တစ်ဦးအား ဆက်ကြေးတောင်းစာ ၁ စောင်ပေးပို့ ခဲ့ကြောင်းသိရသည်။

 ထို့ပြင် ကျောက်မဲမြို့ ခိုမုန်းကျေးရွာအုပ်စု၊ ခိုမုန်းကျေးရွာရှိ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ ဖွင့်လှစ်ထားသော " မြ၀တီခိုမုန်း" ဆီဆိုင်သို့ အမျိုးသမီး ၂ ဦးသည် မတ်လ ၄ ရက်နေ့ ညနေ ၄ နာရီတွင် ရောက်ရှိလာပြီး ဆက်ကြေး တောင်းစာပေးပို့ခဲ့ကြောင်းသိရသည်။ ၄င်းဆက်ကြေးတောင်းစာများတွင် RCSS/SSA တံဆိပ်တုံးရိုက်နှိပ်၍ တစ်နှစ်စာ အတွက် ဆက်ကြေးငွေ ၁၀ သိန်းအား နားပိန်းကျေးရွာသို့ မတ်လ ၉ ရက်နေ့ နံနက် ၈ နာရီမှ ညနေ ၄ နာရီ အတွင်းလာရောက်ပေးသွင်းရန်ပါရှိပြီး RCSS /SSA တပ်ရင်း ၃၇၉ ငွေစာရင်းတာဝန်ခံ စိုင်းရွက်မှ လက်မှတ်ရေးထိုး ထားပါသည်။

 ကျောက်မဲမြို့နေ ရှမ်းအမျိုးသား တစ်ဦး ပြောပြချက်အရ RCSS /SSA အဖွဲ့၏ ခြမ်းခြောက်ပြောဆိုထားမှုများကြောင့် လျှို့ဝှက် ဆက်ကြေးပေးဆောင်နေရသော ကားဂိတ်၊ ရွှေဆိုင်၊ ဆေးဆိုင် များစွာ ရှိနေကြောင်းလည်းသိရသည်။

ကျောက်မဲသား 

No comments:

Post a Comment