24 March 2014
၂၀၁၁ ခုနှစ်ရဲ့ အကယ်ဒမီ ဗန်းကိုင်အဖြစ် ပါဝင်လှုပ်ရှားခဲ့ပြီး နောက်မှာတော့ ဗီဒီယို ဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ရင်း Lucky Boss ဗီဒီယို ထုတ်လုပ်ရေးနဲ့ ခေါင်းဆောင်မင်းသမီးအဖြစ် ဇာတ်ကားတွေ ရိုက်ကူးနေပြီ ဖြစ်တဲ့ သရုပ်ဆောင် ဖူးပွင့်သခင်ကို Lucky Boss ဗီဒီယို ထုတ်လုပ်ရေးနဲ့ လက်ရှိမှာ စာချုပ်ပြည့်သွားပြီ ဖြစ်တဲ့အတွက် စာချုပ်နဲ့ ပတ်သက်ပြီး အနုပညာ အလုပ်လုပ်ကိုင်ရတဲ့ အပေါ်မှာ
သူမရဲ့
စိတ်ခံစားချက် ဘယ်လို ရှိတယ်ဆိုတာ မေးမြန်းကြည့်လိုက်တော့ ‘ ညီမ Lucky Boss နဲ့ စာချုပ်ချုပ် ထားတာ ပြည့်သွားပြီ။
ဒါပေမဲ့ 5-NetWork နဲ့ စာချုပ်ချုပ်ထားတာက ကျန်သေးတယ်။
တခြား ထုတ်လုပ်ရေးတွေကနေ ကမ်းလှမ်းလာရင် ညီမသတ်မှတ်ထားတဲ့ အရာတွေနဲ့ ကိုက်ညီပြီး လွတ်လပ်ခွင့်ပေးထားမယ်၊ အခြားကုမ္မဏီတွေနဲ့ လည်း ရိုက်ခွင့်ပေးမယ်ဆိုရင် စာချုပ်ချုပ်ပြီး ရိုက်ကူးသွားမယ်။ အခု ညီမ ချုပ်ခဲ့တဲ့ ချုပ်ထားတဲ့ ကုမ္မဏီတွေကလည်း ချုပ်နှောင်မထားဘူး။
အပြင် ကုမ္မဏီတွေနဲ့ ရိုက်ခွင့်ပေးထားတယ်။ သူတို့ကလည်း နားလည်ပေးတယ်။ တစ်လတစ်ကား ပုံမှန်ရိုက်ပေးဖြစ်သလို အားရင်လည်း အားသလို ၂ ကား ၃ ကား ရိုက်ပေးဖြစ်တယ်လေ။ အဲဒီလို အပြန်အလှန် နားလည်ပေးတော့ ပြဿနာ မရှိဘူး။
အသစ်တစ်ယောက်အနေနဲ့တော့ စာချုပ်နဲ့ ရိုက်ရတာ ပိုကောင်းပါတယ်။ ကားရိုက်ဖို့က အရေးကြီးပါတယ်။
ဒါမှ ကိုယ်ရိုက်ထားတဲ့ ကားလေးတွေ ထွက်လာရင် ပရိသတ်က ကိုယ့်ကို သိကြမှာလေ။ လခစားနဲ့ နေ့စားသမား တွေလိုပေါ့။ ကိုယ့်မှာ စာချုပ်ချုပ်ထားတာရှိတော့ တစ်လ ဘယ်နှစ်ကား ရိုက်ရမလဲဆိုတာ ရှိတယ်လေ။ အဆက်အသွယ် မပြတ်သွားဘူး။ ကိုယ့်ကို ခေါ်မှရိုက်ရမှာထက် ကိုယ်ရိုက်ဖို့ ကုမ္မဏီရှိတော့ အဆင်ပြေတာပေါ့။ မကြိုက်တဲ့ ကာရိုက်တာတွေ ရှိရင်လည်း သူတို့နဲ့ညှိုလို့ရတယ်။ ဒါကြောင့် ညီမအတွက် စာချုပ်နဲ့လုပ်ရတာ ပိုပြီးအဆင်ပြေတယ်။ ဒါကလည်း တစ်ချို့က မတူဘူးပေါ့။ ညီမကတော့ စာချုပ်ရှိပေမဲ့ လွတ်လွတ်လပ်လပ်နဲ့ အနုပညာ အလုပ်တွေ လုပ်ရတော့ အဆင်ပြေပါတယ်’လို့ သူမက ဆိုပါတယ်။
No comments:
Post a Comment