22 March 2014
မတ်လ၁၆ရက်နေ့က နောင်ချိုမြို့ကုန်းကြီးရွာမအုပ်စု၊ ရေ၀င်ကျေးရွာအနီးရှိ အဲဗားဂရင်း ကော်ဖီခြံအတွင်း စိုက်ပျိုးထားသော ကြံလမိုင်းစိုက်ခင်း ၆ ဧကအား ဦးစိုးလွင် ဦးဆောင်သော ဒေသခံ တောင်သူ ၈ဦးမှ ထွန်စက် အကြီး ၂ စီး ၂ စီးအပြင် ဓား၊ ပေါက်ပြားများဖြင့် ၀င်ရောက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ဝင်ရောက်ထွန်ယက်ဖျက်ဆီးစဉ်ဘန့်ဘွေးကျေးရွာအုပ်စုရာအိမ်မှူးဦးဝင်းဆွေမှဆန္ဒမစောကြရန်နှင့်
တာဝန်ရှိအဖွဲ့အစည်းများမှလည်း မြေယာကိစ္စများနှင့်ပတ်သက်ပြီးစီစဉ်ဆောင်ရွက်နေကြောင်းဝင်ရောက် ဖြန်ဖြေရာ ၀င်ရောက်ဖျက်ဆီးသူများက “ မိမိတို့အား တားမည်ဆိုက စာရွက် စာတမ်းနှင့် တားသူ လက်မှတ် ပါရမည်ဖြစ်ကြောင်း “ ပြောပြီး ဆက်လက်ထွန်ယက်ခဲ့ကြောင်း သိရသည်။
၎င်းနေရာသို့တောင်သူများအသုံးချ၍တရားစွဲဆိုစရိတ်ရယူပြီး နိုင်ငံရေးလုပ်စားနေသူ ဒေါ်မြနှင်းဆီ ရောက်ရှိ လာပြီး ရိုးသားသော တောင်သူများအား မြှောက်ထိုးပင့်ကော်လုပ်ကာ ကြီးသောအမှု ငယ်အောင်၊ ငယ်သောအမှု ပပျောက်အောင် မလုပ်ဆောင်ဘဲ မြေယာပြဿနာ ပိုမိုကြီးထွားအောင် ပြုလုပ်နေကြာင်း နောင်ချို ဒေသခံ တစ်ဦးမှ ပြောပါသည်။
နောင်ချိုသား
No comments:
Post a Comment