5 March 2014
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကျောက်မဲခရိုင် သီပေါမြို့နယ်၊ဘော်ကြိုကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ဘော်ကြို မုဌော စေတီတော်ကြီး ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကြီးကို မတ်လ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ အစီအစဉ်(၃)ခုဖြင့် ပြုလုပ်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ပွဲတော်အစီအစဉ်များအရ မတ်လ ၃ ရက်နေ့တွင် ကိုးမြို့ရှင် ဘိုးဘိုးကြီးအား တုံစင့်နတ်နန်း မှ ဘောကြို ဘုရားသို့ ပွဲတော် ၀င်ရန်ပင့်ဆောင်ခြင်း၊ မတ်လ ၁၀ ရက်နေ့တွင် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ဖွင့်ပွဲ ကျင်းပခြင်း၊ အသံမစဲ မဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာကျင်းပခြင်း နှင့် မတ်လ ၁၅ ရက်နေ့တွင် ဗုဒ္ဓဘိသေကအနေကဇာတင်မင်္ဂလာနှင့် ဆွမ်းတော်ကြီး ကပ်လှူပူဇော်ခြင်း၊ ပွဲတော်ရက် အတွင်းလှူဒါန်းမှု အစုစုတို့အားရေစက်သွန်းချအမျှဝေခြင်းနှင့် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် အောင်မင်္ဂလာ အခမ်းအနား ကျင်းပခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ပျော်ပွဲရွှင်ပွဲအစီအစဉ်များတွင် မြန်မာရိုးရာဝိုင်းခြင်း၊ ပိုက်ကျော်ခြင်း၊ ကျား/မ ဘော်လီဘော ပြိုင်ပွဲ ကျင်းပခြင်း၊ ရှမ်းချယ်ရီ ရှမ်းပြဇာတ်ဖြင့်ဖျော်ဖြေခြင်း၊ ရှမ်းတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ စင်တီတေးဂီတများဖြင့် ဖျော်ဖြေခြင်း၊ မတ်လ ၁၃၊ ၁၄၊ ၁၅ ရက်နေ့များတွင် မြတ်မန္တလာ မြန်မာဇာတ် သဘင်ဖြင့် ဖျော်ဖြေခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
အထူးအစီအစဉ်အနေဖြင့် ဆုတောင်းပြည့် ဗုဒ္ဓရုပ်ပွားတော် လေးဆူဖြစ်သည့် ရတနာမာရ်အောင်၊ ရတနာ ဥာဏ်အာင်၊ရတနာရန်အောင်နှင့် ရတနာဈာန်အောင် ရုပ်ပွားတော်မြတ်တို့အား ကိုယ်တိုင်ကိုယ်ကျ ရွှေသင်္ကန်း၊ ဆွမ်း၊ ရေချမ်း၊ ဆီမီး၊ ပန်းများ ကပ်လှူပူဇော်ခွင့် ရမည်ဖြစ်ကြောင်းသိရသည်။
No comments:
Post a Comment