24 March 2014
ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ရဲ့ အပိုင်းအစလို့ ယူဆရတဲ့ အရာဝတ္ထုတွေကို ပြင်သစ်နိုင်ငံ ကလည်း ဆက်တလိုက်ကနေတဆင့် တွေ့ရှိထားတယ်လို့ သိရပါတယ်။
ပြင်သစ်နိုင်ငံက တွေ့ရှိထားတဲ့ အရာဝတ္ထုဟာ သြစတြေးလျ နိုင်ငံက တွေ့ရှိထားတဲ့ နေရာ တဝိုက်မှာပဲ ရှိနေကြောင်း ပြသထားပါတယ်။
သြစတြေးလျ နိုငံကလည်း ပြီးခဲ့တဲ့ တပတ်တုန်းကပဲ ဆက်တလိုက် ကနေတဆင့် အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ အရာဝတ္ထု နှစ်ခု တွေ့ရှိခဲ့ပြီး အဲဒီတဝိုက်မှာ ရှာဖွေမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။
သြစတြေးလျနဲ့ အတူ ရှာဖွေမှုတွေ လုပ်ဖို့ တရုတ်နိုင်ငံက လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေလည်း
လာရောက်
နေကြပြီး ဒီကနေ့မှာ ဝိုင်းဝန်း ရှာဖွေမှု လုပ်တော့မှာ ဖြစ်ပါတယ်။
အခုလောလောဆယ် စစ်လေယာဉ်နဲ့ တခြားလေယာဉ် ၈ စင်းအပါအဝင် စစ်သင်္ဘော တစ်စင်းလည်း ရှာဖွေမှုတွေ လုပ်နေပါတယ်။
ဒါပေမယ့် ခုချိန်ထိ ထူးခြား ခိုင်လုံတဲ့ ရှာဖွေတွေ့ရှိမှုတွေ မရှိသေးဘူးလို့ သြစတြေးလျ ရေတပ်လုံခြုံရေး အာဏာပိုင်တွေက ပြောပါတယ်။
မနေ့ တုန်း ကလည်း ပျောက်ဆုံးနေတဲ့ လေယာဉ်ပေါ် လိုက်ပါသွားသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို စာနာကြောင်း ပြသတဲ့အနေနဲ့ မလေးရှားနိုင်ငံက ရာနဲ့ချီတဲ့ စက်ဘီးသမားတွေ စုပေါင်းပြီး ချီတက်မှုတွေ လုပ်ခဲ့ကြပါတယ်။
မြို့တော်ကွာလာလမ်ပူကနေတဆင့် နိုင်ငံတကာလေဆိပ်ရှိရာ အထိ စက်ဘီးစီးပြီး ထောက်ခံမှု ပြသ ခဲ့ကြတာ ဖြစ်ပါတယ်။
လူပေါင်း ၂၃၉ ဦး လိုက်ပါသွားတဲ့ လေယာဉ်ဟာ လွန်ခဲ့တဲ့ နှစ်ပတ်ကျော် ကတည်းက ပျောက် ဆုံးနေတာ ဖြစ်ပါတယ်။
No comments:
Post a Comment