18 March 2014
RCSS/ SSA အဖွဲ့သည် မတ် ၁၅ရက်နေ့ က သီပေါမြို့နယ်၊ မန်ဟဲကျေးရွာတွင် သတ္ထုတွင်း ၀န်ကြီးဌာန အမှတ်(၃) သတ္ထုတွင်းလုပ်ငန်းနှင့် ဖက်စပ်လုပ်ကိုင်သည့် First Resources Co;ltd သို့ ဆက်ကြေး တောင်းစာ ၁ စောင် ပေးပို့ခဲ့ကြောင်း သိရသည်။
၎င်းစာတွင် RCSS တံဆိပ်တုံး ရိုက်နှိပ်ထားပြီး ဆက်ကြေးငွေ သိန်း ၆၀၀ အား ကုမ္ပဏီ မန်နေဂျာ ဦးမျိုးမင်းဇော်မှ မတ် ၁၇ ရက်နေ့ မပျက်မကွက်ပေးဆောင်ရန် ရှမ်းဘာသာဖြင့် ရေးသားထားကြောင်း သိရှိရသည်။ ထိုကဲ့သို့ ဆက်ကြေးကောက်ခံမှုနှင့် ပတ်သက်ပြီး သတ္ထုတွင်းလုပ်ငန်း ဒုတိယညွှန်ကြား
ရေးမှူး
ဦးအောင်ဝေမှမတ်လ၁၆ရက်နေ့ရက်စွဲဖြင့်အမှတ်(၃)သတ္ထုတွင်းလုပ်ငန်းနေပြည်တော်သို့အစီရင်ခံတင်ပြ ထားကြောင်းလည်း သိရသည်။
ကုမ္ပဏီဝန်ထမ်းများအနေဖြင့် RCSS (ရွက်ဆစ်)အဖွဲ့၏ ဆက်ကြေးကောက်ခံသည့်ငွေအား မပေးဆောင်ပါက အသက်အန္တရာယ်ပါခြိမ်းခြောက်လာနိုင်သည်ကိုစိုးရိမ်ပြီးလုပ်ငန်းခွင်တွင် နေထိုင်လုပ်ကိုင်ရန် ကြောက်ရွံ့သောကြောင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း RCSS အဖွဲ့၏ လုပ်ရပ်များအား သိရှိစေရန် ဖော်ပြလိုက်ပါသည်။
No comments:
Post a Comment