Monday, March 31, 2014

KIA အဖွဲ့မှ မန်စီမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူခြင်းအား ခြိမ်းခြောက်တားဆီး

31 March 2014

KIA အဖွဲ့သည် ကချင်ပြည်နယ် မန်စီမြို့(နမ့်ကောက်)ရှိ KIA တပ်ရင်း (၁၂)ရုံး၌ မတ် ၂၈ ရက်နေ့ ညနေ ၃ နာရီတွင် သန်းခေါင်စာရင်းကောက်ယူသည့် ကိစ္စနှင့်ပတ်သက်ပြီး အစည်းအဝေးပြုလုပ် ခဲ့ကြောင်း သိရသည်။ 

ထိုအစည်းအဝေးတွင်မဘိမ်းမြို့နယ်တုံကွာကျေးရွာအုပ်စု၊ စီပိန်းကျေးရွာအုပ်စုနှင့် လ၀ါကျေးရွာ အုပ်စု များတွင်သန်းခေါင်စာရင်း  ကောက်ယူခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ လာရောက်ခြင်းအားခွင့်မပြုရန်ဆုံးဖြတ်
ခဲ့ကြောင်း  သိရသည်။  သန်းခေါင်စာရင်းကောက်သူ၊  စာရင်းထည့်သူများကိုလည်းအရေးယူမည်ဟုတုံကွာ အုပ်စု၊ မိုးလှိုင်းတိုက်နယ်မှူး ဂွန်ဆန်း(ဆလမ်ကမ္ဘာ)မှ စီပိန်း၊ လ၀ါ၊ တုံကွာ ကျေးရွာများသို့ ခြိမ်းခြောက်စာ ပေးပို့ထားကြောင်း သိရသည်။

 သန်းခေါင်စာရင်းကောက်ခံမှုများအား တားမြစ်ခြိမ်းခြောက်မှု ပြုလုပ်သည့် KIA အဖွဲ့၏ လုပ်ရပ်များကို  ဒေသခံများမှ ကျေနပ်မှုမရှိသောကြောင့် သက်ဆိုင်ရာသို့ အရေးယူဆောင်ရွက်ပေးရန် တင်ပြ ထားကြောင်း သိရသည်။

ဂျိန်းဖောမြေ 

No comments:

Post a Comment