ကျောက်မဲမြို့နယ်ကျွဲကုန်းကျေးရွာအုပ်ချုပ်ရေးမှူးထံနေအိမ် (ကျောက်မဲမြို့၊ မွေတော် ကျေးရွာ)သို့ မေလ ၁၃ ရက်နေ့ ညနေ ၃ နာရီတွင် ရှမ်းအမျိုးသား တစ်ဦး ရောက်ရှိ လာပြီးရှမ်းဘာသာဖြင့်ရေးသားထားသော စာတစ်စောင်ပေးပို့ခဲ့ကြောင်းသိရပါသည်။၎င်းစာတွင်အုပ်ချုပ်ရေးမှူး (ကျွဲကုန်း)ထံသို့ မေလ(၁၂)ရက်နေ့
ရက်စွဲဖြင့်SSAတပ်ရင်း(၆၇၁)တံဆိပ်တုံးပါစစ်ဒေသအမှတ်(၁၀)မြို့နယ်စည်းရုံးရေးစိုင်းယွက်လက်မှတ်ရေးထိုး ထားပြီးကျေးရွာအတွင်းရှိအုပ်ချုပ်ရေးမှူုးသူကြီးနှင့်ရပ်မိရပ်ဖများအားလုံးယခု အချိန်ကစပြီး အုပ်စု/ကျေးရွာ မှာရှိသည့်လူကြီးတွေအားလုံးကအုပ်စု/ကျေးရွာတွင်းမှာရှိသည့် မြေယာကိစ္စများကိုကြည့်ရှုထိန်းသိမ်း ပေးဖို့ တာဝန်ရှိကြောင်း၊၁-၅-၂၀၀၁၃မှ၁၅-၅-၂၀၁၃ရက်နေ့အတွင်းမြို့ထဲတွင်နေပြီးလယ်ယာလုပ်ကိုင်သူ စာရင်း ၊ရွာအပြင်ထွက်ပြီးအလုပ်လုပ်ကိုင်သူများစာရင်း၊ ရွာအတွင်းနေထိုင်သူများစာရင်းကောက်ယူပေးပါရန် ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။
No comments:
Post a Comment