SSA(ရွက်ဆစ်)မှဗိုလ်မှူးအိုက်ပီး(ခ)ချင်းပီးမှကျေးရွာများတွင်ဒန်အိုး၊ဒန်ခွက်၊သံတို၊ သံစ ရောင်းဝယ်ရင်း အသက်မွေးနေသည့်မောင်လင်းဇော်ဦးအားဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိပါသည်။ စက်တင်ဘာ(၂)ရက်နေ့ကသီပေါမြို့တောင်ရပ်ကွက်နေ(ဘ)ဦးဇော်ဇော်မိခင်ဒေါ်မျိုးမေတို့၏ သားဖြစ်သူ မောင်လင်းဇော်ဦးမှခါးရှိုးကျေးရွာသို့ဒန်အိုးဒန်ခွက်အဟောင်းများသွားရောက် ၀ယ်ယူရာSSA(ရွက်ဆစ်)မှ
ဗိုလ်မှူးအဆင့်ရှိအိုက်ပီး(ခ)ချင်းပီး ခေါင်းဆောင်သောအဖွဲ့သည်ရွာသားများနှင့်အစည်းအဝေးပြုလုပ်နေသည်ကို လင်းဇော်ဦးမှ တွေ့ရှိသည်ကိုသံသယဖြစ်ကာသတင်းပေါက်ကြားမည်စိုးသောကြောင့်ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သိရပါသည်။
မိဘများမှာမိမိသားဖြစ်သူဖမ်းဆီးခံရသည်ကိုသိသည်နှင့်စက်တင်ဘာလ(၃)ရက်နေ့တွင် ခါးရှိုးကျေးရွာနေ ဦးလုံသာနေအိမ်သို့သွားရောက်ပြီးသားဖြစ်သူအခြေအနေအားစုံစမ်းရာ မောင်ဇော်လင်းဦး အား ငွေကျပ် သိန်း(၃၀)နှင့်ရွေးယူရန်ပြောရာမိခင်ဖြစ်သူမှ၎င်းတို့တောင်းသောပိုက်ဆံပေးရန်အခက်အခဲရှိကြောင်း ပြော၍ သီပေါမြို့သို့ ပြန်လည်ထွက်ခွာသွားခဲ့ပါသည်။
စက်တင်ဘာလ(၈)ရက်နေ့တွင်ဦးလုံသာမှဒေါ်မျိုးမေ၏နေအိမ်သို့လင်းဇော်ဦးအား ကြိုးဖြင့်တုပ်နှောင် ခေါ်ဆောင်လာပြီးလင်းဇော်ဦးအားSSA(ရွက်ဆစ်)တွင်တာဝန်ထမ်းဆောင်ရန်အတွက်တပ်သားသစ်အဖြစ် ခေါ်ဆောင်သွားကြောင်းပြောပြီး ပြန်လည်ထွက်ခွာသွားခဲ့ပါသည်။ ဒေါ်မျိုးမေသည် သားဖြစ်သူအားSSA (ရွက်ဆစ်)အဖွဲ့မှခေါ်ဆောင်သွားခြင်း ဟုတ်/မဟုတ်ကိုသိရှိရန် မော်တော်ဆိုင်ကယ်ဖြင့် ဈေးရောင်းရင်း သားဖြစ်သူ၏သတင်းအားလိုက်လံစုံစမ်းရာဦးလုံသာနှင့်တွေ့ဆုံ၍လင်းဇော်ဦးအားSSA(ရွက်ဆစ်)မှသတ်လိုက် ပြီဖြစ်ကြောင်းနှင့် ကလေးအတွက်ကုသိုလ်ကောင်းမှုလုပ်ပေးလိုက်ဟု ပြောကြား ခဲ့ကြောင်းသိရပါသည်။
ဒေါ်မျိုးမေမှမိခင်ဇောဖြင့်သားဖြစ်သူ၏သတင်းကိုထပ်မံစုံစမ်းရာသီပေါမြို့နယ်နောင်ကော် ကျေးရွာသို့ ရောက်ရှိပြီး ရွာသားတစ်ဦးအားမေးမြန်းရာလင်းဇော်ဦးအားစက်တင်ဘာလ(၄)ရက်နေ့ကခါးရှိုးကျေးရွာ အနောက်မြောက်ဘက် ၁ မိုင်ခန့်တွင် လက်ပြန်ကြိုးတုတ်၍ SSA(ရွက်ဆစ်)မှ သောင်းကျန်းသူ (၄)ဦးသည် ၀ါးရင်းတုတ်ဖြင့် ရိုက်သတ်ပြီး လျှိုထဲသို့ ပစ်ချခဲ့ကြောင်း သိရပါသည်။
လင်းဇော်ဦးအား ရိုက်သတ်ခဲ့သည့် SSA(ရွက်ဆစ်)မှ တပ်သား(၄)ဦးမှာ အိုက်လောင် ၊ အိုက်ရှန်၊ နော်ဝမ်း၊ အိုက်လန်း တို့ဖြစ်ပြီး ၄င်းတို့(၄)ဦးသည်ခါးရှိုးရွာမှ ဖြစ်ကြောင်းသိရပါသည်။ လင်းဇော်ဦး၏ ဆိုင်ကယ်မှာ ခါးရှိုးရွာတွင် ယခုအချိန်ထိရှိနေပြီးသားဖြစ်သူအသတ်ခံရခြင်းအားမကျေနပ်၍မိခင်ဖြစ်သူမှသက်ဆိုင်ရာသို့ မေလ(၂၂)ရက် နေ့က တိုင်ကြား ထားကြောင်းလည်း သတင်းရရှိပါသည်။
No comments:
Post a Comment