SSA(ရွက်ဆစ်)အဖွဲ့မှ
လက်နက်ငယ်ကိုယ်စီကိုင်ဆောင်၍ ၂၀၁၃ မေလ ၉ ရက်နေ့ည ၁၀ နာရီမိနစ်၃၀ တွင် မူဆယ်မြို့နယ်၊
နမ့်ပန်ကျေးရွာအရှေ့ဘက် ၁မိုင်ခန့် မူဆယ်ရဲစခန်း အနောက်ဘက် ၅ မိုင်ခန့်အကွာ နမ့်ပန်းနှင့်နမ့်ဆွမ်းရွာအကြားရှိဦးသောင်းထွန်း(၄၄)နှစ်ခန့်၊ကရင်လူမျိုး၏ နေအိမ်ထဲသို့ ရောက်ရှိလာပြီး
နေအိမ်တဲတံခါးအားဖွင့်ခွင်းရာ တံခါးဖွင့်မပေးသောကြောင့် သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍
မီးရှို့ခဲ့သည့် ဥပဒေမဲ့လုပ်ရပ်အားရက်စက်စွာကျူးလွန်ခဲ့ပါသည်။
အဆိုပါဖြစ်စဉ်တွင်ဦးသောင်းထွန်းမှာကျည်ဆံထိမှန်သေဆုံး၍မိးရှို့ခံခဲ့ရပြီး၎င်း၏ဇနီးဖြစ်သူနှင့်သားဖြစ်သူမှာ
သေနတ်ဒဏ်ရာများဖြင့် မူဆယ်ပြည်သူ့ဆေးရုံသို့၂၀၁၃ခုနှစ်မေလ၁၀ရက်နေ့၀၁၃၀ ချိန်ရောက်ရှိဆေး ကုသခံယူလျက် ရှိပါသည်။
-မခင်မာဦး
(၄၄)နှစ်(ဘ)ဦးအောင်တင်ဝင်း ကရင်/ခရစ်ယာန် ၊ အမြဲကောင်းစိုက်ခြံအလုပ်သမား၊ နမ်ံပန်းနှင့်နမ့်ဆွမ်းရွာအကြားအမြဲကောင်းစိုက်ခြံအတွင်းနေထိုင်သူတွင်ယာဘက်ခြေသလုံးကျည်ရှပ်ထိဒဏ်ရာ -၁ ချက်၊ ၀ဲဘက်ပုခုံးကျည်ရှပ်ထိဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)။
မောင်အောင်ကျော်သူ(၁၄)နှစ်(ဘ)ဦးသောင်းထွန်းတွင်ယာဘက်ပေါင်အရှေ့ပိုင်းကျည်ဖောက်ဝင်ဒဏ်ရာ
၁ ချက် (မစိုးရိမ်ရ)။
ဖြစ်စဉ်နှင့်ပတ်သက်၍ဦးသောင်းထွန်းဇနီးပြောပြချက်အရ ၂၀၁၃ခုနှစ် မေလ ၉ ရက် ည ၁၀ နာရီခွဲတွင်အမည်မသိလက်နက်ကိုင်ပြောက်ကျားယူနီဖောင်းဝတ်၂ဦးရောက်ရှိလာပြီးရှမ်းဘာသာစကားဖြင့် အမြဲကောင်းစိုက်ပျိုးရေးခြံတခါးအားဖွင့်ခိုင်းခဲ့ကြောင်းခြံစောင့် ဦးသောင်းထွန်းတို့မိသားစုသည်
တံခါးဖွင့် မပေးဘဲရှိနေစဉ် သေနတ် ၁ ချက်ပစ်ဖောက်ပြီး တံခါးအားကျော်ဝင်ကာ တဲတံခါးဝသို့အရောက်
ဦးသောင်းထွန်းမှ `` တောင်းပန်ပါတယ် တံခါးဖွင့်မရလို့ပါ´´ဟု
ပြောနေစဉ်ဘာမှမပြောဘဲ သေနတ်ဖြင့် ဦးသောင်းထွန်းအား ပစ်ခတ်ရာ နေရာတွင်ပင် သေဆုံးခဲ့ပါသည်။
သောင်းကျန်းသူများသည်ဆက်လက်၍ပစ်ခတ်ခဲ့မှုကြောင့်
မခင်မာဦးနှင့် သားဖြစ်သူမောင်အောင်ကျော်သူ တို့မှာ သေနတ်ဒဏ်ရာများဖြင့် ထွက်ပြေးခဲ့ပြီး
၎င်းတို့၏ နေအိမ်အားမီးရှို့ခဲ့သောကြောင့် ခင်းပွန်းဖြစ်သူ
ဦးသောင်းထွန်းအလောင်းမှာ မီးလောင်းကျွမ်းခဲ့ပြီး မိသားစုပိုင်ဆိုင်ဆိုင်သောအိမ်နှင့်
ဆိုင်ကယ် ၂ စီးမှာ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပါသည်။
မီးလောင်ထားသည့်တဲ၏
အနောက်တောင်ဘက်ကပ်လျက်နေရာတွင် အမ်-20 ကျည်ခွံ ၃ ခု၊ တဲ၏မျက်နှာစာအနောက်ဘက် ၂၅ ပေခန့်အကွာ
ခြံစည်းရိုးအတွင်းဘက်တွင် အမ်-22 ကျည်ခွံ ၂ ခု၊ ခြံစည်းရိုးအပြင်ဘက်တွင် အမ် -22 ကျည်ခွံ
၂၃ ခု၊ အမ်-20 ကျည်ခွံ ၂ ခု စုစုပေါင်း အမ်-22 ကျည်ခွံ ၂၅ ခု အမ်-20 ကျည်ခွံ ၅ခု တွေ့ရှိကြောင်းသိရပါသည်။
အဆိုပါလုပ်ရပ်များကြောင့်ဒေသတွင်းSSA(ရွက်ဆစ်)လက်နက်ကိုင်အဖွဲ့၏လုပ်ရပ်အားဒေသခံပြည်သူများမှ ရွံရှာ စက်ဆုပ်မုန်းတီးမှုများ ဖြစ်ပေါ်နေကြောင်း သိရပါည်။
No comments:
Post a Comment