SSA(၀မ်ဟိုင်း)မှတိုက်နယ်မှူးအဆင့်ရှိကျာက်လိုင်ဦးစီး အင်အား(၃၀)ဦးသည်နမ္မတူမြို့နယ်ပန်လုံ ကျေးရွာ အုပ်စုပတ်ဝန်းကျင်ကျေးရွာများမှမူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သည်ဟုအကြောင်းပြ၍ရွာသား(၃၀)ဦးအား ဖမ်းဆီးကာနမ္မတူကားလမ်းအနီးနားဟုတ်ကျေးရွာနှင့်နောင်ငင်ကျေးရွာကြားတွင်မိုးကာတဲများထိုး၍ကြိုးဖြင့်
ချည်နှောင် ထားကြောင်းသိရသည်။
ချည်နှောင် ထားကြောင်းသိရသည်။
၎င်းရွာသား(၃၀)ဦး၏စားရေးသောက်ရေးအတွက်မိသားစုများမှပေးပို့ရသည်ဟုလည်းသိရပါသည်။ထို့အပြင် ထိုရွာသားအယောက်(၃၀)အားစောင့်ကြည့်ရန်အတွက်ပန်လုံကျေးရွာအုပ်စုပတ်ဝန်းကျင်ရွာများမှတစ်နေ့လျင် ရွာသား(၂)ယောက်နှုန်းဖြင့် ပေးရသည်ဟုလည်းသိရပါသည်။
ဖမ်းဆီးခံရသောရွာသား(၃၀)ဦးအား အေပြီလ(၃၀)ရက်နေ့က မန်နား-ကောင်းဝိန်း-စဥ့်အင် လမ်းကြောင်း အတိုင်းSSA(၀မ်ဟိုင်း)ဌာနချုပ်သို့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းနှင့်ထို့သို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းမှာ ၀မ်ဟိုင်းတွင်စစ်သင်တန်းပေး၍တပ်သားသစ်အဖြစ်တာဝန်ထမ်းဆာင်ရန်အတင်းအဓမ္မစုဆောင်းသွားခြင်း ဖြစ် သည် ဟုလည်းဒေသခံများက ပြောပါသည်။
No comments:
Post a Comment