Wednesday, May 29, 2013

လားရှိုးမြို့ ဆူပူမှုတွင် ခိုလှုံရာမဲ့ဖြစ်နေသောဒုက္ခသည်များအားတပ်မတော်မှ ထိန်းသိမ်းစောင့်ရှောက်

29 May 2013



လားရှိုးမြို့တွင်မေလ(၂၈)ရက်နေ့ကကျိုင်းတုံမြို့နေကိုနေ၀င်းသည်လားရှိုးမြို့သို့ ရောက်ရှိလာပြီးမူးယစ်ဆေး ၀ါးသုံးစွဲမှုကြောင့်မအေးအေးဝင်းအားဓာတ်ဆီလောင်းမီးရှို့ခဲ့သည့်အတွက်မအေးအေးဝင်းတွင်မီးလောင်ဒဏ်ရာ များ(မစိုးရိမ်ရ)ရရှိခဲ့သည့်သတင်းထွက်ပေါ်လာသည်ကိုအခွင့်ကောင်းယူ၍ဆူပူမှုဖြစ်ပွားစေရန်အဖျက်အမှောက်
သမားများမှအဖျက်အဆီးလုပ်ငန်းများလုပ်ဆောင်ခဲ့ကြောင်းသိရပါသည်။

အဖျက်အဆီးလုပ်ငန်းများ လုပ်ဆောင်မှုကြောင့်ခိုလှုံရာမဲ့ဖြစ်နေသော ဒုက္ခသည်များသည်နယ်မြေခံတပ်ရင်း တစ်ရင်းသို့ဝင်ရောက်ခိုလှုံခွင့်ရရန်အကူအညီတောင်ခံခဲ့ပြီးမေလ(၂၉)ရက်နေ့(၁၁)နာရီမှစတင်ဝင်ရောက်ခိုလှုံ ခဲ့ရာယခုအချိန်ထိဒုက္ခသည်စုစုပေါင်း(၃၄၇)ဦးရောက်ရှိနေပြီးဒုက္ခသည်များအများစုမှာ၇ပ်ကွက်(၇)နယ်မြေ(၁၈/  ၁၉/၂၀)မှဖြစ်ကြောင်းဒေသခံတစ်ဦးကပြောပါသည်။ 

၎င်းတပ်ရင်းမှလည်းဒုက္ခသည်များအတွက်လိုအပ်ချက်များနှင့်နေထိုင်စားသောက်ရေးအခက်အခဲများအားကူညီ ဖြေရှင်းဆောင်ရွက်ပေးနေပြီးယနေ့ည(၉)နာရီတွင်ဒုက္ခသည်အချို့အားမန်ဆူရှမ်းကျောင်းတွင်ခိုလှုံခွင့်ရရှိရန် ကျောင်းထိုင်ဆရာတော်အားလျှောက်ထားပြီးပြောင်းရွေ့နေရာချထားပေးခြင်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း  သိရပါသည်။

No comments:

Post a Comment