Thursday, May 23, 2013

SSA (ရွက်ဆစ်)မှ ရွာတစ်ရွာလျင် ဆန် (၂၅)အိတ်ပေးရန် ခြိမ်းခြောက်ပြောဆို


24 May 2013

နမ့်လန်ကျေးရွာအုပ်စုဥက္ကဌဦးစိုင်းသန်းဝင်းထံသို့မေလ(၂၂)ရက်နေ့ကရှမ်းအမျိုးသားတစ်ဦး ရောက်လာပြီး   ကောင်းဟတ်ကျေးရွာ အနီးပတ်ဝန်းကျင်၌ ရောက်ရှိနေသော SSA (ရွက်ဆစ်)မှ ဗိုလ်ကြီး ဆိုင်းမိန်း ဦးဆောင်သည့် ၁၀ ဦးသည် နမ့်လန် ကျေးရွာအုပ်စုမြို့ပေါ် ၁၁ ရပ်ကွက်နှင့် ကျေးရွာ ၅ ရွာတို့မှ တစ်ရပ်ကွက်လျှင်ဆန်၂၅အိတ်ပေးရန်နှင့်ရပ်ကွက်ကျေးရွာဥက္ကဌများအား စုစည်းခေါ်ဆောင်၍ မေလ ကုန်တွင်ကောင်းဟတ်ကျေးရွာသို့လာရောက်တွေ့ဆုံပေးသွင်းရန်ပြောဆိုခဲ့ကြောင်းနှင့် ပေးသွင်းခြင်း
မရှိသည့်ကျေးရွာဥက္ကဌများအားဖမ်းဆီးခေါ်ဆောင်မည်ဟု ခြိမ်းခြောက်ပြောဆို သွားကြောင်းသိရပါသည်။

 SSA(ရွက်ဆစ်)အဖွဲ့မှဗိုလ်မှူးချင်းပီးသည်လည်းကျောက်မဲမြို့နယ်နားအော့၊နားရှန်အနီးတ၀ိုက် ကျေးရွာများ တွင် နေထိုင်သည့် ရွာသူ ရွာသားများထံမှ ဆက်ကြေးကောက်ခံခြင်းနှင့် တပ်သားသစ်ရရှိရန် အတွက် ရှမ်းပြည်နယ်အတွင်းမူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူများပပျောက်စေရန်အကြောင်းပြချက်ဖြင့်တပ်သားသစ် များစုဆောင်းလျက်ရှိသောကြောင့်ဒေသခံပြည်သူများမှာအခက်အခဲများကြုံတွေ့နေရပြီးစိုးရိမ်ကြောက်ရွံ့စိတ်များ   ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။

No comments:

Post a Comment