Thursday, May 9, 2013

RCSS /SSA (ရွက်ဆစ်)လက်နက်ကိုင်အဖွဲ့မှ ပြည်သူများအားအကြောင့်မဲ့ သတ်ဖြတ်


9 May 2013


 RCSS/SSA(ရွက်ဆစ်)အဖွဲ့သည် မေလ(၉)ရက်နေ့နံနက်၈နာရီမိနစ်၃၀တွင်မူဆယ်မြို့(၁၀၅)မိုင် ရှောင်ကွင်း လမ်းပေါ်တွင်သွားလာနေသောအပြစ်မဲ့ပြစ်သူများအားလက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့ကြောင်းသိရပါသည်။ထိုသို့ ပစ်ခတ်မှုကြောင့်မိုင်းငေါ့မြို့နယ်၊မြို့သစ်အုပ်စု၊ပန်တိမ်းရွာနေမောင်ထွန်းရင်(၂၀)နှစ်(ဘ)ဦးအောင်သန်းမှာ 
ဦးခေါင်းတွင်လက်နက်ငယ်ထိမှန်၍နေရာတွင်ပင်သေဆုံးသွားခဲ့ပြီးမူဆယ်မြို့နယ်ဟိုနောင်ကျေးရွာနေသူ(၂)ဦး   ဖြစ်သည့်မောင်သက်လွင်ဦး(၂၃)နှစ်(ဘ)ဦးစံဦးမှာဘယ်လက်မောင်းလက်နက်ငယ်ထိမှန်ဒဏ်ရာနှင့်မ ဝေလွင်လှိုင် (၂၇)နှစ်(ဘ)ဦးစံရွှေမှာညာလက်မောင်းလက်နက်ငယ်ထိမှန် ဒဏ်ရရှိပြီးဆေးကုသမှုခံယူ လျက်ရှိကြောင်း သိရပါသည်။

 RCSS/ SSA(ရွက်ဆစ်)အဖွဲ့များသည် အပြစ်မဲ့ပြည်သူများအားအကြောင်းမဲ့ပစ်ခတ် သတ်ဖြတ်ခြင်းများ မကြာခဏပြုလုပ်နေသောကြောင့်၎င်းတို့၏လုပ်ရပ်များအား ပြည်သူလူထုမှ မုန်းတီးရွံ့ရှာနေပြီဖြစ်ကြောင်း မူဆယ်မြို့နေဒေသခံ တစ်ဦးက ပြောပါသည်။

No comments:

Post a Comment