6 May 2013
မင်းကိုနိုင်ခေါင်းဆောင်သော ၈၈ မျိုးဆက် ကျောင်းသားများ (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) သည်ပြည်သူများအသိပညာနိုးကြားပွင့်လင်းစေရေးအကြောင်းပြချက်ဖြင့်ဟိုပန်မြို့၊ကောင်းဟုန်းရပ်ကွက် ထေရ၀ါရဗုဒ္ဓဘာသာသာသနာပြုကျောင်း၌ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ပူးပေါင်းဖြေရှင်းနိုင်ရေးဟူသော ခေါင်းစဉ်ဖြင့် မေလ(၇/ဂ)နေ့တွင် လာရောက်မည့် ခရီးစဉ်အပေါ် ဟိုပန်မြို့ရှိ
ရပ်မိရပ်ဖများနှင့် ပြည်သူ (၄၄၃) ဦးမှ လက်မှတ်ရေးထိုး၍ဟိုပန်မြို့သို့မလာရောက်စေရေးအတွက် ကန့်ကွက်ကြောင်းစာအားမြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့တင်ပြထားကြောင်းသိရသည်။ ကန့်ကွက်ထားသည့် ကြားမှရောက်ရှိလာပါကဖောင်ဆိပ်တံတားတွင်တားဆီးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းဒေသခံတစ်ဦးမှပြောပါသည်။
No comments:
Post a Comment