SSA(ရွက်ဆစ်)၏စေခိုင်းချက်အရ၄င်း၏တပ်ဖွဲ့ဝင်များသည် အေးချမ်းစွာလုပ်ကိုင်စားသောက်နေသော အပြစ်မဲ့တိုင်းရင်းသားများအားနေ့စဉ်အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခြင်းနှင့်နေအိမ်မီးရှို့ခြင်းစသည့်အဖျက် အမှောက်လုပ်ငန်းများအပြင်ပြည်သူများထံမှဆက်ကြေးငွေနှင့်ရိက္ခာများတောင်းယူ၍မရပါကပစ်ခတ်သတ်ဖြတ်
ခြင်းများ အားယခုရက်ပိုင်းတွင် မကြာခဏဆိုသလိုလုပ်ဆောင်လျက်ရှိပါသည်။
မေလ (၉)ရက်နေ့တွင် SSA(ရွက်ဆစ်)အဖွဲမှ အကြောင်းမဲ့ ပတ်ခတ်သတ်ဖြတ်မှု(၃)ကြိမ် ဖြစ်ပွား ခဲ့ပါသည်။
ခြင်းများ အားယခုရက်ပိုင်းတွင် မကြာခဏဆိုသလိုလုပ်ဆောင်လျက်ရှိပါသည်။
၁။ မူဆယ်မြို့(၁၀၅)မိုင်ရှောင်ကွင်းလမ်းပေါ်တွင်သွားလာနေသောအပြစ်မဲ့ပြည်သူများအား SSA (ရွက်ဆစ်)မှလူသားချင်းစာနာထောက်ထားမှုမရှိဘဲအကြောင်းမဲ့ပစ်ခတ်ခဲ့မှုကြောင့်မြို့သစ်အုပ်စု၊ပန်တိမ်ရွာနေ နေမောင်ထွန်းရင်သေဆုံးခဲ့ရပြီးမောင်သက်လွင်ဦးနှင့်မဝေလှိုင်တို့ထိခိုက်ဒဏ်ရာများရှိပြီးဆေးကုသမှုခံယူနေ ရပါသည်။
မူဆယ်မြို့နမ့်ပန်ကျေးရွာအုပ်စုနမ့်ပန်ကျေးရွာအမြဲကောင်းစိုက်ပျိုးရေးခြံတွင် လုပ်ကိုင်စားသောက်နေသော ကရင်လူမျိုးမိသားစုအားSSA(ရွက်ဆစ်)အဖွဲ့မှသောင်းကျန်းသူများ၏ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် ဦးသောင်းထွန်းမှာရင်ဘတ်တွင်သေနတ်ကျည်ထိမှန်၍သေဆုံးခဲ့ပြီးဇနီးဖြစ်သူနှင့်သားဖြစ်သူမှာဒဏ်ရာများ ရရှိပြီးမူဆယ်ပြည်သူ့ဆေးရုံတွင်ဆေးကုသမှုခံယူလျက်ရှိပါသည်။
SSA(ရွက်ဆစ်)မှကျင်စန်းကျော့ကျေးရွာရှိကျောက်ထုတ်လုပ်ငန်းတွင်အလုပ်လုပ်ပြီးဘုံစန်းကျေးရွာသို့ပြန်လာ သည့်ပဲခူတိုင်းဖြူးမြို့နေရန်နောင်(ဘ)ဦးခင်မောင်(၁၉)နှစ်ကျော်တိုး(ဘ)ဦးမောင်အေး(၂၁)နှစ်နှင့်ခေါထီးမှူး (ဘ)ဦးဇာကဖော့တို့(၃)ဦးအားလွယ်အင်ရွာနှင့်တုံခန်းကျေးရွာအကြားတွင်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း လည်း သိရပါသည်။
မေလ (၁၂)ရက်နေ့တွင်SSA(ရွက်ဆစ်)အဖွဲမှ အကြောင်းမဲ့ ပတ်ခတ်သတ်ဖြတ်မှု (၃)ကြိမ် ဖြစ်ပွား ခဲ့ပါသည်။
၁။ မူဆယ်မြို့၊လုံခန်းရွာသွားလမ်းဘေးတွင်တောင်သူဦးမြင့်သိန်း(ဘ)ဦးကြည်ဝင်းအထက်တုန်ခံရွာနေသူ၏ တောင်ယာတဲတွင်ကျပန်းလုပ်ကိုင်စားသောက်နေသော ကျော်သူထိုက်၊ ဦးမြင့်သိန်းနှင့် မျိုးထိုက် စသည့် ဗမာလူမျိုး(၃)ဦးသည်စကားပြောဆိုနေစဉ်SSA(ရွက်ဆစ်)မှသောင်းကျန်းသူများရောက်ရှိလာပြီးတဲအတွင်းသို့ လက်နက်ငယ်များပစ်ခတ်မှုကြောင့်ကျော်သူထိုက်(ဘ)ဦးစိုးတင့်ဗမာ/ဗုဒ္ဓ၀ဲဘက်နို့အုံ အောက်ကျည်ပေါက် ထွက်ဒဏ်ရာဖြင့်မူဆယ်ဆေးရုံတွင်ဆေးကုသမှု ခံယူလျက်ရှိပါသည်။
၂။ မူဆယ်မြို့(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်တွင်လည်းကျပန်းလုပ်ကိုင်စားသောက်နေသည့် ပြည်သူ (၂)ဦး အားSSA(ရွက်ဆစ်)မှလက်နက်ငယ်များဖြင့်ပစ်ခတ်မှုကြောင်ညီညီ(ဘ)ဦးဌေးကချင်/ခရစ်ယာန်၏ညာဘက် ရင်အုံအပေါ်သေနတ်ကျည်ထိမှန်ဒဏ်ရာ(၂)ချက်ညာပေါင်ဒဏ်ရာ(၁)ချက်နှင့်ကျော်မင်းဆွေ(ဘ)ဦးလဆွေ အုတ်ကျောင်းရပ်ကွက်မလှိုင်မြို့နေသူဝဲပေါင်းရင်းဖောက်ထွက်ဒဏ်ရာ(၁)ချက် သေနတ်ဒင်ဖြင့် ဦးခေါင်းထု ရိုက်ဒဏ်ရာ(၁)ချက် ယာလက်ဖျံရှပ်ထိဒဏ်ရာ(၁)ချက်တို့ဖြင့် မူဆယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေရပါသည်။
၃။ မူဆယ်ခရိုင် ကြူကုတ်ပန်ဆန်မြို့နယ်ခွဲတွင် မန်ခိုလုံကျေးရွာတွင် နေထိုင်သောကိုကိုနိုင်နေအိမ်သို့ SSA(ရွက်ဆစ်)မှသောင်းကျန်းသူ(၅)ဦးရောက်ရှိလာပြီးကိုကိုနိုင်နှင့်ကျော်သူတို့အား လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့်ကိုကိုနိုင်(ဘ)ဦးရဲတင့်ကျပန်းလုပ်ကိုင်သူမှာညာနားထင်ကျည်ဖောက်ထွက်ဒဏ်ရာ(၁) ချက်ဘယ်ဘက်ပခုံးကျည်ဖောက်ထွက်ဒဏ်ရာ(၁)ချက်ဘယ်ပေါင်ကျည်ဖောက်ထွက်ဒဏ်ရာ(၁)ချက် နှင့် ကျော်သူ (ဘ)ဦးစန်းလမ်းရပ်ကွက်(၄)ကြူကုတ်မြို့နယ်ခွဲနေသူမှာဦးခေါင်းနောက်စေ့ကျည်ဖောက်ထွက် ဒဏ်ရာ(၁)ချက် ဘယ်လက်ဖျန်ကျည်ဖောက်ထွက်ဒဏ်ရာ(၁)ချက်တို့ရရှိပြီးမူဆယ်ဆေးရုံသို့ပို့ဆောင်ရန် ထွက်ခွာလာစဉ်လမ်းခရီးတွင်ပင်သေဆုံးသွားခဲ့ကြောင်းသိရပါသည်။ကိုကိုနိုင်ဇနီးဖြစ်သူမှာမိမိယောင်္ကျား ဖြစ်သူနှင့်ပတ်သက်၍ ၀မ်းနည်းကြေကွဲနေရပြီးကြူကုတ်ရဲစခန်းတွင်အမှုဖွင့် တိုင်ကြားထားကြောင်း သိရ ပါသည်။
SSA(ရွက်ဆစ်)၏တာဝန်ပေးချက်အရ၄င်းတို့အဖွဲ့မှသောင်းကျန်းသူများသည်မိမိတို့စားဝတ် နေရေးအတွက် လုပ်ကိုင်စားသောက်နေရသောအပြစ်မဲ့ပြည်သူများအားဖမ်းဆီးခေါ်ဆောင်၍ညှင်းပန်းနှိပ်စက်ခြင်း၊အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခြင်း၊ပြည်သူများ၏နေအိမ်နှင့်အသုံးအဆောင်ပစ္စည်းများမီရှို့ဖျက်ဆီးခြင်းများပြုလုပ်ခံရသူများ ထဲတွင် ကရင်လူမျိုး၊ ကချင်လူမျိုးနှင့် ဗမာလူမျိုးများ ပါဝင်နေပြီး SSA (ရွက်ဆစ်) သောင်းကျန်းသူများ၏ လူမဆန်သောလုပ်ရပ်ကြောင့်ဒေသခံပြည်သူလူထုမှစိုးရိမ်ပူပန်စိတ်များမုန်တီးရွံရှာကြောင်ရွံ့စိတ်များ ဖြစ်ပေါ် နေကြာင်းသိရပါသည်။
No comments:
Post a Comment