တောင်ကိုရီးယားနိုင်ငံ၏လျှပ်စစ်ပစ္စည်းထုတ်လုပ်သောကုမ္ပဏီကြီးတစ်ခုဖြစ်သည့်LGကုမ္ပဏီသည်ကမ္ဘာ့ ပထမဆုံးကွေးညွတ်နိုင်သောဖန်သားပြင်ဖြင့်ပြုလုပ်ထားသည့်Organic Light-emitting diode (OLED)TV
အမျိုးအစားသစ် တစ်မျိုးကို စတင် ရောင်းချခဲ့ကြောင်း ၎င်းကုမ္ပဏီမှ တာဝန်ရှိသူ များက ပြောကြားခဲ့သည်။
အဆိုပါOLEDTVအမျိုးအစားသည်၅၅လက်မအရွယ်အစားရှိပြီး၎င်းTVအားဝယ်ယူရန်လက်လီ ရောင်းဝယ်ရေး ကုမ္ပဏီ၁၄၀၀ကျော်မှကြိုတင်အမှာစာများလက်ခံရရှိထားကြောင်း၊၎င်းTVများကိုလာမည့်လတွင်စတင်ဖြန့်ဖြူး သွားမည် ဖြစ်ကြောင်းအွန်လိုင်း အစီရင်ခံ စာများအရ သိရသည်။
OLED TV အမျိုးအစား သစ်၏ တန်ဖိုးမှာ ၀မ်၁၅သန်း (အမေရိကန် ဒေါ်လာ ၁၃၅၀၀ ၀န်းကျင်) ရှိပြီး ၂၀၁၆ ခုနှစ်တွင်TV အလုံးရေ ခုနစ်သန်းထိတိုးမြှင့် ထုတ်လုပ် ရောင်းချ ရန် မျှော်မှန်းထားကြောင်း LG ကုမ္ပဏီက ပြောကြားထားသည်။မြ၀တီ
No comments:
Post a Comment