1 May 2013
SSA/KIA/TNLAအဖွဲ့များပူးပေါင်းထားသော တိုင်းရင်းသားလက်နက်ကိုင် အင်အား ၂၀ ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့သည် လက်နက်များ ကိုယ်စီကိုင်ဆောင်၍ ကွတ်ခိုင်မြို့နယ်၊ လွယ်ပိုးရွာ သို့ အေပြီလ ၂၂ ရက် နေ့တွင် ရောက်ရှိလာပြီးကျေးရွာလူကြီးဦးလှဝင်းနှင့် ကျေးရွာအကျိုးသယ်ပိုးဆောင်ရွက်နေသူ ပြည်သူ့စစ် တပ်ဖွဲ့ဝင် ဦးညီဖေ တို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။
အဆိုပါ လက်နက်ကိုင်အဖွဲ့များဖမ်းဆီခေါ်ဆောင်သွားသည့် ကျေးရွာလူကြီး ဦးလှဝင်းနှင့် ဦးညီဖေတို့ ၂ ဦးအနက် ဦးလှဝင်းမှ ၂၅ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ဦးညီဖေမှာ ရွာအနီးတောစပ်တွင် ၄င်းလက်နက်ကိုင်အဖွဲ့များ၏ညှင်းပန်း နှိမ်စက် ပစ်ခတ်မှုဖြင့် နောက်စေ့နှင့် ဦးခေါင်းတို့တွင် သေနတ်ထိမှန် ဒဏ်ရာများ ရရှိသေဆုံးလျက်ရှိကြောင်း သိရှိရပါသည်။ကျေးရွာတာဝန်ရှိသူများ ၊ ပြည်သူစစ် တပ်ဖွဲ့ဝင်များ ၊ရွာသားများမှ ဦးညီဖေ၏ အလောင်းအား ရွာအနီး တောစပ်တွင် ရှာဖွေတွေ့ရှိခဲ့၍ ရွာအပြင် သုသာန်တွင် ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့ပါသည်။
အဆိုပါဖမ်းဆီးသတ်ဖြတ်မှုနှင့်ပက်သက်၍ ရွာသားများ၏ ပြောပြချက်များအရ ၄င်းလက်နက်ကိုင်ပူးပေါင်း အဖွဲ့များသည် ကျေးရွာသူကြီးထံမှ တောင်းခံထားသည့် ဆက်ကြေးငွေနှင့် စားစရာများပေးရန် ခြိမ်းခြောက် ပြောဆိုထားမှုများနှင့် ဆက်နွယ်မှုများရှိနေသည်ဟု သိရှိရပါသည်။
လွတ်မြောက်လာသူရွာသူကြီးဦးလှဝင်းမှာလည်း၎င်းအဖွဲ့များထပ်မံရောက်ရှိလာမည်စိုးသောကြောင့်ကြောက်လန့်ပြီး ၄င်း၏မိသားစုဝင်များအားခေါ်ဆောင်၍ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။
ထိုကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြမ်းဖက်၊ အတင်းအဓ္ဓမ တပ်သားသစ်စုဆောင်း၊ ခြိမ်းခြောက်မှုများကြောင့် ယခုလ အတွင်း ကျေးရွာများမှ ရွာသူ/သားများ နီးစပ်ရာမြို့များသို့ ထွက်ပြေး တိမ်းရှောင်မှုများ ရှိခဲ့ပြီး ၄င်းရွာသူ/သားများသည် စားဝတ်နေရေး အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရှိရပါသည်။
No comments:
Post a Comment