Tuesday, May 7, 2013

စစ်မှန်သောထာဝရငြိမ်းချမ်းရေးအတွက် အဖြစ်မှန်ကိုသိစေလို . . . .


7 May 2013

၂၀၁၃ခုနှစ်မေလ (၁)ရက်နေ့ နေ့လည် (၁)နာ (၄၅)မိနစ်တွင် တပ်မတော်မှ အ အငြိမ်းစားယူထားသည့် စစ်မှုထမ်းဟောင်း(၅)ဦးသည် မူဆယ်မြို့ မန်ဟီးရိုးဒေသနောင်ဟင်ကျေးရွာတွင် စာအုပ်နှင့် ရုပ်ပုံများ လှည့်လည် ရောင်းချနေစဉ် SSA ရင်း(၇၀၁)မှ (၁၀)ဦုးသည် စစ်မှုထမ်းဟောင်း(၅)ဦးအားသေနတ်ဖြင့် အကြောင့်မဲ့ပစ်ခတ်ခဲ့ပြီး (၃)ဦးမှာအသက်ဘေးမှလွတ်မြောက်ရာသို့ ထွက်ပြေးနိုင်ခဲ့သော်လည်း ကျန်(၂) ဦးမှာ ဒက်ရာရရှိပြီးအဖမ်းခံခဲ့ရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။ 


၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီးဖမ်းဆီးခံရသည့် စစ်မှုထမ်းဟောင်းများပြန်လည်လွတ်မြောက်ရေးအတွက် နည်းလမ်းတကျဖြင့် RCSS/SSA ဆက်ဆံရေးတာဝန်ခံ များသို့သက်ဆိုင်ရာမှ ဆက်သွယ်ဆောင်ရွက် ခဲ့သော်လည်း ငြင်းဆိုခဲ့သည့်အပြင် နောင်ဟင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မျက်မြင် တွေ့ရှိရသော ရွာသူရွာသားများ၏ အကြောင်းကြားမှုများအားဥပက္ခာပြုခဲ့ပါသည်။

 သို့ဖြစ်၍ ဖမ်းဆီးခံရသောစစ်မှုထမ်းဟောင်း(၂)ဦးအား ပြန်လည်လွတ်မြောက်စေရေးအတွက် တပ်မတော် စစ်ကြောင်းများမှ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလိုအပ်ချက်အရ နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် SSA ရင်း (၇၀၁) အဖွဲ့များ၏ ငြိမ်းချမ်းရေး သဘောတူညီချက်ကိုချိုးဖောက်၍ ယူနီဖောင်းဝတ် လက်နက်ကိုင်ဆောင်ပြီး အခြေပြုနေထိုင် ခဲ့သည့်စခန်းတွင် တရားမ၀င် အကောက်စခန်းများဖွင့်လှစ်၍ ဒေသတွင်း ပြည်သူများထံမှ အခွံများ ကောက်ခံခြင်းနှင့် တရားဥပဒေမဲ့ အချုပ်ခန်းများထားရှိကြောင်းတွေ့ရှိရပါသည်။ 

RCSS/SSA  တရားဥပဒေမဲ့လုပ်ရပ်များအားနည်းလမ်းတကျ တင်ပြဆောင်ရွက်လျက် ရှိသော်လည်း ၄င်းတို့မှ မဟုတ်မမှန်သတင်းများထုတ်ပြန်၍ ၀ါဒဖြန့်ချီရေး ဆောင်ရွက်လျက်ရှိသောကြောင့်သာ ဤသတင်းမှန်အားဖော်ပြလိုက်ရပါသည်။
 

No comments:

Post a Comment