Sunday, May 26, 2013

အိမ်တွင်းဖြစ်သဘာဝ အကိုက်အခဲပျောက်ဆေးများ


27 May 2013

ဂျင်း 
သူက ကြွက်သားကိုက်ခဲခြင်းကို ပျောက်ကင်း စေပါတယ်။ နေ့စဉ် ချက်ပြုတ်စားသောက်တဲ့ ဟင်းလျာထဲမှာ ဂျင်းအခြောက်မှုန့်လက်ဘက်ရည်ဇွန်းတစ်ဇွန်းသို့မဟုတ်ယင်းနှင့်ညီမျှသောပမာဏကို ထည့်သွင်းစားသုံး သင့်ပါတယ်။
 ကြက်သွန်ဖြူ

 ကြက်သွန်ဖြူကတော့ နားကိုက်တာကို ပျောက်ကင်းစေပါတယ်။ နားကိုက် ဝေဒနာ ခံစားရသူများ အနေနဲ့ ကြက်သွန်ဆီ ကို တစ်နေ့ ၂ ကြိမ် နားထဲ ၅ ရက်တိတိ သင့်လျော်သော ပမာဏ ထည့်ပေးခြင်းဖြင့် ပျောက်
ကင်းစေပါတယ်။ ကြက်သွန်ဆီဆိုလို့ အခြားမဟုတ်ပါဘူး။သံလွှင်ဆီသန့်နဲ့ ကြက်သွန်ထောင်း ကို စိမ်ထည့်ပြီးအအေးခန်းထဲထည့်ရင်ကြက်သွန်ဆီရပါတယ်။

 လေးညှင်းပွင့် သွားကိုက် ဝေဒနာ ခံစားရသူများအနေနဲ့ လေးညှင်းပွင့်ခြောက်မှုန့် နဲ့ သွားတိုက်ခြင်းက ကိုက်ခဲမှု ပျောက်ကင်းစေပါတယ်။ 
ပင်စိမ်းရွက်/ပက်ပါမင့်ရွက် Peppermintလို့ခေါ်တဲ့အရွက်တစ်မျိုးက မြန်မာခေါ်ပင်စိမ်းရွက်နဲ့ နီးစပ်ပါတယ်။ သူ့မှရတဲ့ဆီကလည်း ကြွက်သားနာကျင်ကိုက်ခဲမှုကိုပျောက်ကွင်းစေပါတယ်။ 

 စပျစ်သီး 
 စပျစ်သီးတစ်ခိုင်စာနေ့စဉ်စားသုံးသူများအနေနဲ့ကျောရိုးတစ်လျှောက်ဆက်စပ်တဲ့ ရောဂါများကို ပျောက်ကင်းစေ တယ်လို့လေ့လာတွေ့ရှိထားကြပါတယ်။ 

နာနတ်သီး 
နာနတ်သီးက အစာအိပ် နာတာတို့၊ ဗိုက်ကြွက်သား နာကျင်မှုတို့ ကို ပျောက်ကင်းစေ တယ်လို့ ဆိုပါတယ်။ ချယ်ရီသီး ချယ်ရီသီးကတော့ဦးခေါင်းကိုက်ဝေဒနာကိုပျောက်ကင်းစေပါတယ်။ 

ခရမ်းချဉ်သီး 
 ခါးအောက်ပိုင်းအကြော၊ကြွက်သားနာကျင်မှုကိုပျောက်ကင်းစေပါတယ်။ခရမ်းချဉ်သီးဖျော်ရည် နေ့စဉ်စားသုံးခြင်းဖြင့်    ခြေထောက် ကိုက်ခဲတာတို့၊ ထုံကျင်တဲ့ ဖြစ်လေ့ဖြစ်ထကို ပျောက်ကင်းစေပါတယ်။

No comments:

Post a Comment