Monday, May 27, 2013

လားရှိုးမှ သိန်းနီဘက်သို့ မောင်းနှင်းလာသော ယာဉ် အတွင်းမှ လက်နက်များ ဖမ်းဆီးရမိ



လားရှိုးမြို့နယ်ဟိုပိတ်ကျေးရွာအနီးရှိဟိုပိတ်အေးရှားဝေါလ်ဂိတ်လားရှိုးမှသိန်းနီသို့ မောင်းနှင် လာသည့် ၃ င/၄၁၂၀မတ်တူး(ရွှေငါး)အဖြူရောင်ယာဉ်အားတာဝန်ရှိသူများမှစစ်ဆေးရန်ယာဉ်အားရပ်တန့်စေရာရပ်တန့် ပးခြင်းမရှိဘဲသိန်းနီးဘက်သို့မောင်းနှင်ထွက်ပြေးသွားကြောင်းသိရပါသည်။ 

ဟိုပိတ်အေးရှားဝေါလ်ဂိတ်မှသိန်းနီရဲစခန်းသို့အကြောင်းကြားခဲ့ပြီး၎င်းကားအားတာဝန်ရှိသူများမှ ပိတ်ဆို့ ရှာဖွေခဲ့ရာသိန်းနီမြို့နယ်မိုင်းလီအုပ်စုနားဆော့ကျေးရွာဘုန်းကြီးကျောင်းရှေ့တွင်ရပ်တန့်ထားသည်ကို တွေ့ရှိ
ရပြီးယာဉ်မောင်းမှာထွက်ပြေးတိမ်းရှောင်သွားကြောင်းသိရပါသည်။၎င်းယာဉ်အားသိန်းနီရဲစခန်းသို့မောင်းနှင် လာပြီး  ရှာဖွေစစ်ဆေးခဲ့ရာ ကားအတွင်းမှ M 22 ခေါက်ဒင် (၁၁) လက်၊ M 79 ဗုံပစ်လောင်ဂျာ (၃)လက်၊ M 16 အမျိုးအစား(၄)လက်၊ အီတလီနိုင်ငံထုတ် BERETTA ပစ္စတို (၁) လက်၊ M 22 ကျည်အိမ်ရှည် (၂၁)ခု၊ M 16 ကျည်အိမ် (၃)ခု ပစ္စတို ကျည်အိမ် (၂)ခု ထိုင်းနိုင်ငံလုပ် LUGER အမျိုးအစား (၉)မမကျည် (၅၀)တောင့် ၅.၅၆ ကျည်(၂၅၅၉)တောင့် ဖမ်းဆီးရမိကြောင်း သတင်းရရှိပါသည်။

နားဆော့ကျေးရွာ ဘုန်းကြီးကျောင်းဘေးရှိချုံအတွင်းမှလည်း တရုတ်နိုင်ငံလုပ် M – 22 မောင်းပြန်ရိုင်ဖယ် (၁၀) လက်ကျည် (၁၃၀)တောင့်အားသိမ်းဆည်းရမိခဲ့ကြောင်းသတင်းရရှိပါသည်။

No comments:

Post a Comment