SSA (၀မ်ဟိုင်း)အဖွဲ့တပ်မဟာ(၁) အုပ်ချုပ်ရေးမှူး ဗိုလ်မှူးအဆင့်ရှိ ပူလိုင်း(ခ)စိုင်းလမ်မှ အမာခံများဖြင့် နမ္မတူရဲစခန်းအရှေ့ဘက် (၂၅)မိုင်အကွာ နားဆိုင်းအုပ်စုအတွင်း ကျေးရွာတွင်တပ်သားသစ်များ အတင်း အဓမ္မ လိုက်လံစုဆောင်းနေကြောင်း သိရပါသည်။
SSA(၀မ်ဟိုင်း)မှ အတင်းအဓမ္မစုဆောင်းခြင်းခံရသော နားဆိုင်းရွာမှ တပ်သားသစ်(၁၂)ဦး
၁။အိုက်အမ်(ခ)စောမိုးဒီ (ဘ) ဦးဆန်စိုင်း၊ ဘူတာရပ်
၂။စိုင်းလှဟန်(ဘ)ဦးစံအေး၊ ဘူတာရပ်
၃။စိုင်းစံညွှန့်(ဘ)ဦးအိုက်မြတ်၊ ဘူတာရပ်
၎။စိုင်းလောင်ဝ်ဆိုင်(ဘ)ဦးအိုက်ထွန်း၊ ဘူတာရပ်
၅။စိုင်းအိုက်ဦး(ဘ)ဦးခမ်းမှတ်၊ ကုန်းညောင်ရွာ
၆။စိုင်းအိုက်လျန်း(ဘ)ဦးပန်းလူ မန်တပ်ရပ်ကွက်
၇။စိုင်းကျော်ဟန် (ဘ)ဦးရွှေထွန်း ဈေးရပ်ကွက်
၈။စိုင်းအိုက်ဆာ(ဘ)ဦးအိုက်ငို့၊ ဈေးရပ်ကွက်
၉။စိုင်းအိုက်မြင့်(ဘ)ဦးပန်းလူ၊ ဈေးရပ်ကွက်
၁၀။စိုင်းနေလင်း (ဘ)ဦးဝင်းမြင့်၊ ဈေးရပ်ကွက်
၁၁။စိုင်းအိုက်ရွှေ(ဘ)ဦးဆန်မောင်၊ ဈေးရပ်ကွက်
၁၂။စိုင်းအောင်ဝင်း(ဘ)ဦးအိုက်သြ ၊ ဈေးရပ်ကွက်
တပ်သားသစ်စုဆောင်းခံရသောမိသားစုများမှမိဘများကိုယ်တိုင်SSA(၀မ်ဟိုင်း)အဖွဲ့များ အခြေပြု နေသော နားဟုတ်ကျေးရွာသို့လာရောက်ပို့ဆောင်ရန်ခြိမ်းခြောက်စုဆောင်းထားခြင်းကြောင့်အချို့သော မိဘများ သည် အတင်းအဓမ္မစုဆောင်းခြင်းမခံလိုလိုဘဲနေအိမ်များအားသော့ခတ်ပြီး မိသားစုလိုက် ရွာမှ ရှောင်တိမ်း ထွက်ခွာသွားသူများရှိကြောင်း သိရပါသည်။
No comments:
Post a Comment