Monday, May 20, 2013

KIA တပ်ရင်း ၁၂ မှ မဘိန်းမြို့နယ်အတွင်း ကူးတို့ ပိုင်ရှင်များထံဆက်ကြေးကောက်ခံ


21 May 2013

KIA တပ်ရင်း (၁၂)မှ တိုင်နယ်မှူးအဆင့်ရှိ ထွယ်ရှောင်ပါ (၂)ဦးသည် မဘိန်းမြို့နယ် မြစ်ဆုံကူးတို့ဆိပ်သို့ ဆိုင်ကယ်ဖြင့်ရောက်လာပြီး ၄င်းတို့အဖွဲ့ရန်ပုံငွေအတွက် အစည်းအဝေးပြုလုပ်မည့် မဘိန်းမြို့နယ်ပင်ကြိမ်
  ကျေးရွာမြောက်ဘက်(၃)မိုင်ခန့်အကွာရွာဆိုးရွာသို့ကူးတို့ပိုင်ရှင်များလာရောက်ရန်ပြောဆို ခဲ့ကြောင်း သတင်းရရှိပါသည်။

 ကူးတို့ပိုင်ရှင်(၅)ဦးသည် မေလ (၁၅)ရက်နေ့တွင် မဘိန်းမှ ထွက်ခွာသွားရာရွာဆိုးရွာသို့ ရောက်ရှိပြီး အင်းကြီးကျေးရွာတွင်ညအိပ်ခဲ့ပြီးနောက်တစ်နေ့နံနက်တွင်KIAမှသောင်းကျန်းသူ(၁၀)ဦးသည်  သေနတ်များ ကိုင်ဆောင်၍ ဆိုင်ကယ်(၈)စီးဖြင့် အင်းကြီးကျေးရွာသို့ ရောက်ရှိလာပြီး ကူးတို့ပိုင်ရှင် များအား ကချင်ပြည်နယ်မန်စီမြို့နယ်နမ့်ဟန်ကျေးရွာသို့ခေါ်ဆောင်၍ဗိုလ်ကြီးအဆင့်ရှိခမ်းနော်နှင့် တွေ့ဆုံခဲ့ကြောင်း သိရပါသည်။ ခမ်းနော်မှ ကူးတို့ပိုင်ရှင်များအနေဖြင့် ယခုနှစ်အတွက် ငွေကျပ် (၁၀)သိန်း၊ နောင်လည်မည့် ရာသီအတွက် ငွေကျပ်(၁၀)သိန်း စုစုပေါင်း သိန်း(၂၀)တောင်းခံခဲ့ရာ ကူတို့ ပိုင်ရှင်များမှ တစ်ဦးလျှင် (၅)သိန်းကျပ်စီဖြင့် ညှိနှိုင်းပေးအပ်ခဲ့ကြောင်း သိရပါသည်။

 KIAမှထွယ်ရှောင်သည်မဘိမ်းမြို့ရပ်ကွက်(၂)ရှိစားသောက်ဆိုင် တစ်ဆိုင်သို့ရောက်ရှိပြီး ဆက်ကြေး အဖြစ်ငွေကျပ် (၅)သိန်း   တောင်းယူသွားကြောင်း သိရပါသည်။

No comments:

Post a Comment