၂၀၁၅ ဖေ ၂၅
ယနေ့ လောက်ကိုင်ဒေသတိုက်ပွဲများအတွင်း တအောင်းတပ်မတော်(TNLA)သောင်းကျန်းသူအဖွဲ့မှ
ကိုးကန့်၊ KIA ၊AAရခိုင်သောင်းကျန်းသူများနှင့် ပူးပေါင်းလျက် သိန်းနီ-ကွမ်းလုံလမ်းကြောင်းပေါ်ရှိ
နားတီး၊ နမ့်ဆလပ် ဒေသများတွင် တပ်မတော်ယာဉ်တန်းများ၊ အုပ်ချုပ်ထောက်ပံ့မှုယာဉ်တန်းများအား
မိုင်းဆွဲတိုက်ခိုက် ခြင်း၊ ချောင်းမြှောင်းပစ်ခတ်ခြင်းများပြုလုပ်လျက်ရှိကြောင်း တွေ့ရှိရပါတယ်။
TNLA(ပလောင်)သောင်းကျန်းသူ အဖွဲ့သည် နဂိုကပင် မိမိကိုယ်ပိုင်အစွမ်းအစဖြင့်
ရပ်တည်နိုင် စွမ်းမရှိသော အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အဓိကအားဖြင့် KIA ၏ အထောက်အပံ့ဖြင့်
ရပ်တည်နေရသော အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ ယနေ့လောက်ကိုင်ဒေသ တိုက်ပွဲများတွင်လည်း ဖုန်းကြားရှင်
ခေါင်းဆောင် သော ကိုးကန့်သောင်းကျန်းသူအဖွဲ့၏ အထောက်အပံ့ ကိုရယူကာ နှင့် နယ်မြေဒေသအတွင်း
၎င်းတို့အဖွဲ့ ပိုမိုနေရာရရှိရန်အတွက် ၀င်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပါတယ်။
TNLAသောင်းကျန်းသူအဖွဲ့သည် လူမျိုးရေး အကြောင်းပြချက်နှင့်ဒေသတွင်း
ပလောင်ကျေးရွာ များတွင် အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း၊
ဆက်ကြေးကောက်ခံခြင်းများပြုလုပ်၍ ၄င်းတို့အဖွဲ့ အင်အား ကြီးမားလာစေရန် ဆောင်ရွက်ခြင်း၊
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြောင်းပြချက်များဖြင့် ပလောင် တိုင်းရင်းသားခြင်းအပေါ် ဖမ်းဆီးအပြစ်ပေးခြင်း၊
ဒဏ်ငွေရိုက်ခြင်း၊ တပ်ဖွဲ့အတွင်း ၀င်ရောက် အမှုထမ်းခိုင်းခြင်းများဖြင့် သြဇာလွမ်းမိုးမှုရရှိစေရန်
ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
နိုင်ငံတော်မှ ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်နေချိန်တွင်
TNLA ခေါင်းဆောင်ပိုင်း များအနေဖြင့် ၄င်းတို့အဖွဲ့
အင်အားတိုးပွားလာရေးနှင့် သြဇာကြီးမားလာစေရေးအတွက်သာ အဖျက်အမှောက် လုပ်ငန်း များအား
ပိုမိုတိုးမြင့်လုပ်ဆောင်လျက်ရှိတာကို တွေ့ရပါတယ်။
ယနေ့ TNLA သောင်းကျန်းသူအဖွဲ့၏ ရပ်တည်ချက်ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲထက်
လောက်ကိုင်ဒေသ မငြိမ်မသက်ဖြစ်ပွားနေချိန် KIA အဖွဲ့နှင့် ကိုးကန့်သောင်းကျန်းသူ အဖွဲ့၏
လက်ပါးစေအဖြစ် ရနိုင်သမျှအထောက်အပံ့ကိုရယူကာ အမျိုးသားရေးနှင့် တိုင်းပြည်အပေါ် သစ္စာဖောက်လျက်
၎င်းတို့ခေါင်းဆောင်ပိုင်းအချို့ သြဇာအာဏာနှင့် စည်းစိမ်ချမ်းသာတိုးပွား လာအောင် ဆောင်ရွက်လျက်ရှိကြောင်း
တွေ့မြင်ရပါတယ်။
by စိုင်းနေ