TNLA လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှ စစ်မောင်ခေါင်းဆောင် ၅၀ဦးခန့်သည် လက်နက်များကိုင်ဆောင်၍ ၂၀၁၃သြဂုတ်လ၂၁ရက်နေ့တွင်တုန်ဟုန်းကျေးရွာဘုန်းကြီးကျောင်းသို့ ရောက်ရှိခဲ့ပြီး ကျေးရွာသူ/ ကျေးရွာ သားများအားအတင်းစုစည်း၍ဆွေးနွေးပွဲများပြုလုပ်ခဲ့ကြောင်းသိရသည်။
မုံးဝီးကျေးရွာနေတအာင်း(ပလောင်)လူမျိုးများဖြစ်သောအိုက်ဖုန်း၊အိုက်စိုင်းနှင့်ဒီလုံးခင်တို့ ပြောပြချက်အရ ရွာသူရွာသားများမှာ ကြောက်လို့သာ ၄င်းတို့ စုဆောင်းခေါ်ယူသည့် ဘုန်းကြီးကျောင်းသို့ သွားရောက် ခဲ့ရကြောင်း၊ မုံးဝီးကျေးရွာအုပ်စုအတွင်း ကျေးရွာများသို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စည်းမျဉ်းဥပဒေ ၉ ချက်နှင့် PSLF /TNLA သဘောထားထုတ်ပြန်ချက် ၉ ချက် ထုတ်ပြန်ခဲ့ကြောင်းလည်းသိရသည်။
သို့သော်လည်းရွာသူရွာသားများအနေဖြင့် ၄င်းအဖွဲ့အပေါ် အယုံအကြည် မရှိကြောင်းနှင့် TNLA အဖွဲ့၏ လုပ်ရပ်သည်မူးယစ်ဆေးဝါးကိုအကြောင်းပြပြီးဒေသတွင်းပြည်သူလူထုအပေါ် အကြောက်တရားဖြင့်လွှမ်းမိုး ချုပ်ကိုင် နိုင်ရန်အတွက်ဆောင်ရွက်ချက်ဖြစ်ကြောင်း ၊နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားလုပ်ငန်းစဉ် များအားဗြောင်ကျကျဝင်ရောက်စွက်ဖက်လျက်ရှိကြောင်းဒေသခံရပ်မိရပ်ဖများမှထုတ်ဖော် ပြောကြားလျက် ရှိပါသည်။
ထို့အပြင်အမှန်တကယ် ဒေသအကျိုး၊ ဒေသခံတိုင်းရင်းသားလူမျိုးများအကျိုးအား ဆောင်ရွက်လိုစိတ်ရှိပါက PSLF/TNLAသဘောထားထုတ်ပြန်ရုံနဲ့အသံကောင်း ဟစ်စရာမလိုဘဲငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ၏ကမ်းလှမ်းလျက်ရှိသောလက်အားမိမိရရဆုပ်ကိုင်ပြီးထာဝရငြိမ်းချမ်းရေးအား တည်ဆောက် ခြင်းဖြင့်တိုင်းပြည်အတွက်၊ ဒေသအတွက်၊ တိုင်းရင်းသားတအာင်း(ပလောင်)လူမျိုးများအတွက်သမိုင်း မှတ်ကျောက်တင်လုပ်ရပ်မျိုး ဆောင်ရွက်သွားသင့်ပါကြောင်းဖော်ပြအပ်ပေသည်။

No comments:
Post a Comment