Thursday, August 15, 2013

KIA သောင်းကျန်းသူများမှ ပန်ဆိုင်းရဲစခန်းအား သေနတ်ဖြင့် ပစ်ခတ်


15 August 2013

KIAသောင်းကျန်းသူများသည်သြဂုတ်လ၁၅ရက်နေ့နံနက်၆နာရီတွင်ပန်ဆိုင်းရဲစခန်းဝန်းအားတရုတ်စာသင်   ကျောင်းအနီးမှလက်နက်ငယ်များဖြင့်လာရောက်နှောက်ယှက် ပစ်ခတ်ခဲ့ကြောင်းသိရသည်။၎င်းတို့ပစ်ခတ်
ခဲ့သောနေရာအားတာဝန်ရှိသူများမှ သွားရောက်စစ်ဆေးရာကျည်ခွံများတွေ့ရှိရပြီး ထိုသို့ပစ်ခတ်မှု ကြောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများထိခိုက်မှုမရှိကြောင်းလည်းသိရသည်။KIAတပ်ဖွဲ့များ၏ထိုကဲ့သို့အကြမ်းဖက် ပစ်ခတ်မှုများသည် ပြည်ထောင်စုငြိမ်းချမ်ရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တွေ့ဆုံဆွေးနွေးခဲ့သော သဘောတူညီချက်များအား ဗြောင်ကျကျ ချိုးဖောက် နေသည်ကို ၄င်းတို့၏ လုပ်ရပ်များအား ကြည့်ခြင်းဖြင့် သိနိုင်ပါသည်။

No comments:

Post a Comment