Sunday, August 11, 2013

လားရှိုးမြို့တွင် မွတ်ဆလင်ဘာသာဝင်များမှ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်း


12 August 2013












လားရှိုးမြို့ ရပ်ကွက်(၃) သိရိလမ်းရှိ ရွှေဖူးစာခန်းမတွင် မွတ်စလင်ဘာသာရေးအသင်းမှ ကြီးမှူးကျင်းပသည့် ၀ါကျွတ်အီးဒ်ပွဲတော်အထိမ်းအမှတ်ဖြစ်သည့်  သြဂုတ်လ၁၁ရက်နေ့တွင်သံဃာတော်များအား ဆွမ်းဆက်ကပ်
 လှူဒါန်းခြင်းနှင့်ဘာသာပေါင်းစုံချစ်ကြည်ရေးမိတ်ဆုံစားပွဲအခမ်းအနားအားကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့   နိုင်င်ငံတော်သြ၀ါဒစရိယဆရာတော်(၄)ပါး ပြည်နယ်အဆင့်သံဃာနာယကဆရာတော်(၃)ပါး၊မြို့နယ်သံဃာ့ နာယကဆရာတော် (၁၀)ပါးတို့အားဌာနဆိုင်ရာအကြီးအကဲများနှင့်စုစုပေါင်းအင်အား၁၀၀ခန့်တက်ရောက် ခဲ့ကြောင်းသိရသည်။အခမ်းအနားတွင်လားရှိုးမြို့မွတ်ဆလင်ဘာသာရေးအသင်းဥက္ကဌဒေါက်တာတင်အောင်မှ အခမ်းအနားကျင်းပပြုလုပ်ရခြင်းအကြောင်းအားအကျဉ်းချုပ် ပြောကြားခဲ့ကြောင်း သိရပါသည်။

ထိုကဲ့သို့ ပြုလုပ်မှုကြောင့်ဘာသာတစ်ခုနှင့်တစ်ခုကြားနားလည်မှု၊ယုံကြည်မှုများတည်ဆောက်နိုင်ပြီးတစ်ဦးနှင့် တစ်ဦး မနာလို မုန်းတီးစိတ်များ ပပျောက်စေခဲ့သောကြောင့် ဒေသခံများမှ ၀မ်းသာ ပိတိ ဖြစ်နေရကြောင်း လားရှိုး ဒေသခံတစ်ဦးက ပြောပါသည်။


No comments:

Post a Comment