အင်ဒိုနီးရှားအကြမ်းဖက်နှိမ်နင်းရေးရဲတပ်ဖွဲ့သည်၂၀၁၃ခုနှစ်မေလက အင်ဒိုနီးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံး ကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်မှု တွင်ပါဝင်သည်ဟု သံသယ ရှိသူ ၂ ဦးအားသြဂုတ်လ ၉ ရက်က ဖမ်းဆီး ရမိ
ခဲ့ကြောင်းသြဂုတ်လ၁၁ရက်တွင်သတင်းထုတ်ပြန်ခဲ့သည်။ ရဲတပ်ဖွဲ့သည် ကိုရမ်ကျမ်းစာရွက်အသင်းအတွက် ဘဏ္ဍာငွေ ကောက်ခံသူ ဖြစ်သော အိုင်ပူးလ် ခေါ် မူဟာမက် စိုင်းဖူလ်ဆာဖာနီအား ယိုဂျကာတာ မြို့တွင်းရှိ တည်းခိုခန်း တစ်ခု၌ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းနှင့်၎င်းသည်အနောက်ဂျာဗားပြည်နယ်ရှိSalakတောင်ကုန်းတွင် လေ့ကျင့်မှုများ ပြုလုပ်စဉ်က ပါဝင် ခဲ့ဖွယ် ရှိကြောင်း သိရသည်။
ရဲတပ်ဖွဲ့သည် အိုင်ပူလ် ၏ အကြမ်းဖက် ကွန်ရက် အဆက်အနွယ် ဖြစ်သော ဘာယူဒွီ အာဒီယန် တို့ကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားပြီး ဖြစ်ကြောင်း နှင့် လက်ရှိအချိန်တွင် စစ်ဆေး မေးမြန်းမှု များ ပြုလုပ်နေဆဲ ဖြစ်ကြောင်း သိရှိရသည်။
Myawady daily
No comments:
Post a Comment