Thursday, August 1, 2013

သိရှိလိုသော အချက်အလက်များအတွက် 1212 CALL CENTRE ဝန်ဆောင်မှု ပေးမည်


2 August 2013


ပြည်တွင်းရှိ မိုဘိုင်းဖုန်းနှင့် သက်ဆိုင်သော သတင်းအချက်အလက်များအပြင် မိမိသိလိုသော သတင်း အချက်အလက်များအား အလွယ်တကူ မေးမြန်းနိုင်သော 1212 Call Centre တစ်ခုကို MTS Connet မှ ကြီးမှူးပြီးဝန်ဆောင်မှုပေးလျက်ရှိကြောင်းSakuraTower၌ကျင်းပသောစာနယ်ဇင်းရှင်းလင်းပွဲအရသိရသည်။
 အဆိုပါ1212 Call Centre    တွင်မိုဘိုင်းဖုန်းဆိုင်ရာဈေးနှုန်းများအသုံးပြုပုံ  အစရှိသောဝန်ဆောင်မှု အချက် အလက်များ၊ MEC Tel CDMA 800 MHzSIMCardနှင့်ငွေဖြည့်ကဒ်ဆိုင်ရာ အချက်အလက်များ ၊လေကြောင်း လိုင်းနှင့်ခရီးသွားလာမှုဆိုင်ရာအချက်အလက်များ၊  ပညာရေးနှင့်ဘဏ်လုပ်ငန်းအဆိုင်ရာအချက်အလက်များ ၊ဟိုတယ်နှင့်စားသောက်ဆိုင်ဆိုင်ရာအချက်အလက်များ၊နေပြည်တော်အစိုးရရုံးလိပ်စာများ၊ ဖုန်းနံပါတ်များ၊ အထွေထွေမေးမြန်းခြင်းဆိုင်ရာနှင့်ဖြေကြားခြင်းဆိုင်ရာဝန်ဆောင်မှုများကိုရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။

 ၎င်းဝန်ဆောင်မှုများအပြင်ပြည်တွင်းပြည်ပဘောလုံးပွဲရလဒ်များ၊ ဘောလုံးပွဲချိန်များ၊ ဘောလုံးပွဲလူစာရင်းများ၊ ပွဲကြိုသတင်းများအပြင်ဗေဒင်နှင့်သက်ဆိုင်သောမဟာဘုတ်အဟော၊တာရော့အဟော၊ နာမည်ပေးကင်ပွန်း တပ်၊ယတြာခြေနည်းများအစရှိသည်တို့လည်းပြုလုပ်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ 

ထို့ပြင်တခြားဝန်ဆောင်မှုများဖြစ်သောအိမ်ခြံမြေဆိုင်ရာဈေးနှုန်းများ၊အကျိုးဆောင်များနှင့်ချိတ်ဆက်ပေးသည့် ဝန်ဆောင်မှုများ၊မင်္ဂလာပွဲဆိုင်ရာနှင့်အလှအပဆိုင်ရာအကြံပေးဝန်ဆောင်မှုများ၊ဥပဒေရေးရာနှင့်ကျန်မာရေး ဆိုင်ရာ ဝန်ဆောင်မှုများ စသည်တို့ ကို ဆောင်ရွက်ပေးလျက်ရှိပြီး အထက်ပါ ဝန်ဆောင်မှုများအတွက် ဖုန်းခေါ် ဆိုလျှင် တစ်မိနစ် ၃၀ ကျပ်ကျသင့်မည်ဖြစ်ကြောင်း သိရသည်။ ယင်းဝန်ဆောင်မှုများအား နေပြည်ေ တာ် ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ ကယားပြည် နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနသာင်္ရီ တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေ သကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) အစရှိသော နေရာတွင် ရရှိအသုံးပြုနိုင်မည်ဖြစ်ပြီး အသေးစိတ် သိရှိလိုလျှင် www.1212Callcenter.com သို့ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment