မိုးရာသီ၌ နာရီနှင့်ကြာ၍ Signal ပြတ်တောက်တတ်သည့် Sky Net ရုပ်သံလိုင်းကို Signal ပြတ်တောက်ခြင်း မရှိစေရန် Transmission တစ်ခုကို ရွှေသံလွင်မှ တည်ဆောက်လျက်ရှိသည်ဟု Sky Net ရုပ်သံလိုင်းမှ
Transmissionအသစ်တစ်ခုကိုဟံသာဝတီအဝိုင်းအနီးရှိ(ရန်ကုန်မြို့)မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဝင်းအတွင်း ၌တည်ဆောက်နေခြင်းဖြစ်ကြောင်း၊Transmissionတည်ဆောက်မှုသည်၂၀၁၃ခုနှစ်နှစ်ကုန်ပိုင်း၌ပြီးစီးမည်ဖြစ် ပြီး၊တည်ဆောက်ပြီးစီးခဲ့သည့် နောက်ပိုင်းSignal ပြတ်တောက်ခြင်းများလျော့ကျသွားမည်ဟုဦးမျိုးမင်းကဆို သည်။SkyNetရုပ်သံလိုင်းသည်ဂြိုလ်တုစနစ်ကိုအခြေခံ၍ထုတ်လွှင့်ပြနေခြင်းဖြစ်သည့်အတွက်မိုးရွာသွန်းမှုများ ပြားသည့် အခါ Signalပြတ် တောက်ခြင်းကိုအသုံးပြုသူများပုံမှန်တွေ့ကြုံနေရသည်ဟုသိရသည်။
Signalပြတ်တောက်မှုသည်တစ်ခါတစ်ရံနာရီနှင့်ချီ၍ပြတ်တောက်လေ့ရှိကြောင်း၊ရန်ကုန်မြို့၌ Transmission တည်ဆောက်ပြီးစီးသည့်အခါပြတ်တောက်မှုများသည်မိနစ်အနည်းမျှသာကြုံတွေ့ရတော့မည်ဖြစ်ကြောင်းသိ ရသည်။
“Sky Net လိုင်းမကောင်းတာကို ကောင်းအောင်လုပ်လို့ရတဲ့ နည်းလမ်းတွေရှိတယ်လို ပြောတယ်။
ဗန်းတွေကို ပြောင်းပစ်တာမျိုးတွေ လုပ်လိုက်ရင် ကောင်းသွားတယ်လို့ ပြောပေမယ့် Sky Net အတွက်ကိုတော့ ပြင်တဲ့လူတွေ လုပ်မပေးကြဘူး။ အခြားလိုင်းတွေတော့ လုပ်ပေးကြတာရှိတယ်” ဟု မန္တလေး မြို့ခံတစ်ဦးက ပြောသည်။ Sky Net ရုပ်သံလိုင်းအတွက် Station ကို ယခုအခါ၌ နေပြည်တော် တပ်ကုန်းရှိထုတ်လွှင့်ရုံတစ်နေရာတည်းမှသာထုတ်လွှင့်ပြသလျက်ရှိသည့်အတွက်ယခုကဲ့သို့Signal ပြတ် တောက်ခြင်းများကို ကြုံတွေ့နေရခြင်းဖြစ်သည်။ လက်ရှိအချိန်၌ ရုပ်သံလိုင်းအရေ အတွက် ၁၀၀ ဝန်းကျင် ထုတ်လွှင့် ပြသနေသည့် Sky Net အခပေး ရုပ်သံလိုင်းကို ၂၀၁၁ ခုနှစ် ဇန်နဝါရီလ၌ စတင်ထုတ်လွှင့် ပြသခဲ့ခြင်းဖြစ်သည်။
internet Journal
No comments:
Post a Comment