ကချင်ပြည်နယ်ဆဒုံး-ကန်ပိုက်တီးကားလမ်းပေါ်တွင်သြဂုတ်၎ရက်နေ့၌ မြစ်ကြီးနားမှ ဆဒုံး ၊ ကန်ပိုက်တီးသို့ သွားလာနေသောကုန်/ခရီးသွားယာဉ်များနှင့်ဆိုင်ကယ်များထံမှKIAတပ်ဖွဲ့ဝင်(၃)ဦးက သေနတ်များဖြင့်ချိန်၍
ဆက်ကြေးငွေများတောင်းခံခဲ့ကြောင်းခရီးသွားပြည်သူအချို့ထံမှသိရသည်။
“ မနေ့က ကန်ပိုက်တီးကနေ မြစ်ကြီးနားကို လာတာပါ၊ ဒီကားလမ်းပေါ်မှာ မန်ရှန်ကျေးရွာနဲ့ လမိုင်ကျေးရွာ ကြားကို ရောက်တော့ ကချင်လွတ်လပ်ရေး တပ်ဖွဲ့ဝင်တွေက သေနတ်တွေနဲ့ ချိန်ပြီးတားတယ်၊ နေ့လယ် (၁၂) နာရီခွဲလောက် တော့ရှိပြီ ထင်တယ်၊ ကျွန်တော်က (၁၂) ဘီးကုန်ကား ဆိုတော့ ငွေ (၁)သိန်းကို ဆက်ကြေးအဖြစ်ပေးခဲ့ရပါတယ် ” ဟု မြစ်ကြီးနားသို့ ရောက်ရှိလာသော ကားသမားတစ်ဦးက ပြောပြသည်။
ဟိုင်းလပ်ကားသမားတစ်ဦးက“မနေ့ကနေ့လယ်(၁၂)နာရီခွဲကျော်လောက်မှာမန်ရှန်နဲ့ လဖိုင်ရွာကြားမှာ အတောင်းခံရတာပါ၊ ကချင်လွတ်လပ် ရေးတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ချိန်ပြီးကားကိုတားတယ်၊ လစဉ် ဆက်ကြေး ဆိုပြီး ငွေ (၅၀၀၀၀) တောင်းတယ်၊ မြစ်ကြီးနားကနေ ကန်ပိုက်တီးကို သွားရုံပဲရှိသေးတယ်၊ ခရီးသည်တွေဆီက ခဏချေးပြီး ၅ သောင်းပြည့်အောင် ပေးခဲ့ရတယ် ” ဟု ပြောပြခဲ့သည်။
“
ကျွန်တော်တို့ညီအစ်ကိုကကန်ပိုက်တီးမှာနေတဲ့သူငယ်ချင်းဆီအလည်သွားပြီး မြစ်ကြီးနားကို ပြန်လာတာပါ၊ မန်ရှန်နဲ့ လမိုင်ရွာကြားက ကားလမ်းပေါ်မှာ သေနတ်ကိုင်ထားတဲ့ ကချင်တပ်ဖွဲ့ဝင်တွေ ကျွန်တော်တို့ ဆိုင်ကယ်ကိုတားပြီး ငွေ (၅၀၀၀) ပေးဖို့ တောင်းပါတယ်၊ အဲဒီရွာ ၂ ရွာကြားမှာ (၁၂) ဘီးကုန်ကားကြီးတွေနဲ့ ဟိုင်းလပ်ကားတွေလည်း ရပ်ထားတာ တွေ့တယ်၊ ငွေ (၅၀၀၀) ပေးလိုက်လို့ ပြန်လာလို့ ရတာပါ ” ဟု မြစ်ကြီးနားမြို့ခံ လူငယ်တစ်ဦးက ကိုယ်တွေ့ကြုံခဲ့ရမှုကို ပြောပြသွားခဲ့သည်။
အဆိုပါ ကားလမ်းပေါ်၌ ဆက်ကြေးငွေတောင်းခံနေသော ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ တပ်ဖွဲ့ဝင် များသည် မန်ရှန်ရွာနှင့်လဖိုင်ရွာကြားတွင်နေ့လယ်(၁)နာရီနောက်ပိုင်း၌ဆက်ကြေးငွေတောင်းခံခြင်းမရှိတော့ ကြောင်း ကန်ပိုက်တီးမှ မြစ်ကြီးနားသို့ ရောက်ရှိလာသော ကားသမား အချို့၏ ပြောပြချက်အရ သိရှိရပါသည်။
kachin daily news
No comments:
Post a Comment