ခေတ်ဟောင်း ရသအမြင်ကို ခံစားနိုင်စေမယ့် တီဗွီတစ်မျိုးကို LG က ဖန်တီးပေးလိုက်ပါတယ်။ LG 32LN503R ဟာ နောက်ဆုံးပေါ် အမျိုးအစားဖြစ်ပေမယ့် ရှေးခေတ်ဟောင်း CRT TV တွေနဲ့ တူအောင် ဖန်တီးပေး ထားတာ ဖြစ်ပါတယ်။ ၃၂ လက်မအရွယ်ရှိပြီး TV Channel တွေကို ဖမ်းယူနိုင်မယ့် ခလုတ်နဲ့အသံထိန်းခလုတ်
တွေကိုအရွယ်အစားကြီးကြီး မားမားဖြစ်အောင်ပြုလုပ်ပြီး ထည့်ပေးထားပါတယ်။ ရှေးဟောင်း ပုံစံ ဖြစ်ပေမယ့် Full-HD Pannel ကို သုံးပေးထားပါတယ်။ ခေတ်ပေါ် feature တွေ ထည့်ပေးထားပြီး multimedia player နဲ့ High-Definition Link (MHL) တို့ကို အထောက်အပံ့ပြုပါတယ်။ HDMI Inputs နဲ့ USB port တွေ ပါရှိပါတယ်။ တန်ဖိုးကတော့ တောင်ကိုရီးယား ၀မ် ၈၄၀၀၀၀ ဖြစ်ပြီး ကန်ဒေါ်လာ အနေနဲ့ ၇၅၀ ခန့်ရှိနိုင်ကြောင်း သိရပါတယ်။
- See more at: http://www.myanmarinternetjournal.com/content/7659#sthash.SWempZNh.dpuf
No comments:
Post a Comment