၃၀.၃.၂၀၁၃ ရက်နေ့ ၁၅၀၀ အချိန် ရွှေပြည်သာမြို့နယ်နေ ဦးသန်းအေးသည် သမီးဖြစ်သူ မ----- အားရွှေပြည်သာမြို့နယ်နေသူများဖြစ်သည့်မမာမာဦး၊မအေးမြတ်မွန်(ခ)အငယ်လေးနှင့်
မစိုးစိုး (စိစစ်ဆဲ)တို့ (၃)ဦးမှ စည်းရုံးခေါ်ဆောင်သွားပြီး လာရှိုးမြို့၊ အားကစားကွင်းအနီး၌ကြိုတင်ရောက်ရှိနေသူသားငယ်(စိစစ်ဆဲ)
နှင့်အတူလားရှိုးမြို့၊(၉)ရပ်ကွက်နေမစုစုခိုင်ထွေး၏နေအိမ်သို့ပို့ဆောင်ခဲ့ ကြောင်း၊ထိုမှတစ်ဆင့်တရုတ်နိုင်ငံသို့ ခိုးဝင်ပြီးရွှေလီမြို့၊အန်ဝှေ့ရပ်ကွက်ရှိမရှမ်းမ(စိစစ်ဆဲ)၏နေအိမ်သို့ပို့ဆောင်ခဲ့ကြောင်းမရှမ်းမနှင့် ခင်ပွန်းဖြစ်သူ တို့ကသမီးဖြစ်သူအား တရုတ်အမျိုးသား(၂)ဦးထံ ရောင်းစားခဲ့ကြ ကြောင်းတို့ကိုရွှေလီမြို့၌သမီးဖြစ်သူနှင့် တွေ့ခဲ့သောမဇာခြည်စိမ့်စိမ့်ကျော်မှ၂၀.၇.၂၀၁၃ နေ့တွင်
နေအိမ်အနီးရှိဖုန်းဆိုင်သို့ဆက်သွယ်အကြောင်းကြား ခဲ့ကြောင်း သိရပါသည်။
သမီးဖြစ်သူအား စည်းရုံးခေါ်ဆောင်ကာ တရုတ်နိုင်ငံတွင်ရောင်းစား ခဲ့ကြသူများဖြစ်သည့် မမာမာဦး၊ မအေးမြတ်မွန်(ခ)အငယ်လေး၊ မစိုးစိုး၊သားငယ် ၊မစုစုခိုင်ထွေး၊မရှမ်းမနှင့်၎င်း၏ခင်ပွန်းတို့အားအရေးယူ ပေး ပါရန်၎.၈.၂၀၁၃ရက်နေ့တွင်လှော်ကားနယ်မြေရဲစခန်းသို့လာရောက်တိုင်တန်းခဲ့သဖြင့်(ပ)၂၃၅/၂၀၁၃၊လူကုန် ကူးမှုဥပဒေပုဒ်မ၂၄ဖြင့်အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း
သတင်းရရှိပါသည်။
yangon police
No comments:
Post a Comment