ကချင်ပြည်နယ် မြို့လှမြို့နယ်ခွဲ ကျွန်းကုန်းခါးရွာသို့ သြဂုတ်လ ၂၀ ရက်နေ့ ည ၁၁ နာရီခန့်တွင် ကချင် လွတ်မြောက်ရေးတပ်မတော်(KIA)မှ အဖွဲ့တစ်ဖွဲ့ရောက်ရှိလာပြီးစုဆောင်းခိုင်းထားသောလူသစ်များ ပေးရန်
နှင့် မပေးနိုင်ပါက ဒဏ်ငွေသွင်းရန် ပြောကြားသွားခဲ့ကြောင်းသိရသည်။
ကျွန်းကုန်းခါးရွာမှသြဂုတ်လကုန်နောက်ဆုံးထား၍လူသစ်(၂)ဦးပေးရမည်ဖြစ်ကြောင်း၊လူသစ် မပေးနိုင်ပါက ဒဏ်ငွေအဖြစ်(၁၅)သိန်းပေးရမည်ဖြစ်ကြောင်း၊တစ်အိမ်ထောင်လျှင်ငွေ (၂)သောင်းသွင်းရန်အုပ်ချုပ်ရေးမှူးမှ မှာကြားထားကြောင်းသိရသည်။ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)မှ တစ်ရွာလျှင်လူသစ်(၂)ဦးနှင့် လူသစ်မပေးပါကဒဏ်ငွေ(၁၅)သိန်းသွင်းရန်ကျွန်းကုန်းခါးကျေးရွာအပါအ၀င်စင့်ကင်၊ငှက်ပျောတော၊ပါပေါင်၊ မြစေတီရွာများသို့လည်းခြိမ်းခြောက်ပြေဆိုထားကြောင်းနှင့်အဆိုပါကျေးရွာများတွင်လည်း လူသစ်ဝင် ရောက်လိုသည့်လူငယ်များမရှိသဖြင့်ဒဏ်ငွေ(၁၅)သိန်းပေးဆောင်ရမည့်အခြေအနေကြုံတွေ့နေရကြောင်း၊ ယခုကာလသည်စိုက်ပျိုးရာသီဖြစ်၍ လယ်ယာလုပ်ငန်းခွင်ဝင်နေရပြီး မိသားစုစားဝတ်နေရေးကို ဖြစ်သလို ဖြေရှင်းပေးနေကြရကြောင်း၊အပိုဝင်ငွေမရှိသဖြင့် ဒေသခံရွာသားများမှKIAတောင်းထားသောဒဏ်ငွေကို ပေးဆောင်ရန် အခက်အခဲဖြစ်နေကြရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရပါသည်။
ခွန်နော်
ခွန်နော်
No comments:
Post a Comment