Tuesday, August 6, 2013

လားရှိုး- သိန်းနီ ကားလမ်း ရေလျှံမှု ဖြစ်ပွား


7 August 2013

ရှမ်းပြည်နယ် အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သြဂုတ် ၅ရက် နေ့လယ်ပိုင်းက လားရှိုး- သိန်းနီသွား ကားလမ်း ပေါ်ရှိ အေတီ တံတားအနီး ပတ်ဝန်းကျင်တွင် နန့်မျှော်ချောင်း ရေလျှံ မှုဖြစ်ပွားပြီး ကားလမ်းပေါ်သို့ အမြင့် ၂ပေခွဲ၊ အရှည်ပေ ၁ဝဝခန့် ရေလွှမ်း မိုးမှုဖြစ် ပေါ်ခဲ့သည်။     အဆိုပါ နေရာတွင် ယာဉ်ငယ်များသွားလာ
နိုင်ခြင်းမရှိသဖြင့်နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပြည်သူ့ စစ်နှင့်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့်ပြည်သူများအန္တရာယ်ကင်းရှင်းရေးကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ယနေ့နံနက် ၁ဝ နာရီတွင်ရေပြန်လည်ကျဆင်းသွားသဖြင့်ပုံမှန်အတိုင်းပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်းသတင်းရရှိ သည်။

No comments:

Post a Comment