Thursday, August 15, 2013

ဆက်ကြေးကောက်ခြင်းဖြင့် ရပ်တည်နေသော RCSS/SSA


16 August 2013

RCSS/SSAမှသောင်းကျန်းသူများသည်သြဂုတ်လ၁၄ရက်နေ့က ပြောက်ကျားယူနီဖောင်းများဝတ်ဆင်ပြီး   ကျောက်မဲမြို့နယ် မောက်ငါးစန့်ကျေးရွာ၊ပန်စလော့ကျေးရွာနှင့်မန်ကန်ကျေးရွာများသို့ ရောက်ရှိပြီး၎င်း   ကျေးရွာများမှဆက်ကြေးငွေ၊ရိက္ခာများတောင်းယူရန်နှင့်အိမ်ထောင်စုတစ်စုလျင်တပ်သားသစ်  တစ်ယောက်
စုဆောင်းပေးရန် ၄င်းကျေးရွာများသို့ လာရောက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

SSA (ရွက်ဆစ်)အဖွဲ့မှ အချို့သော အောက်ခြေအဖွဲ့များ၏ လုပ်ဆောင်မှုများသည် ငြိမ်းချမ်းရေး ဘဘောတူညီချက်များကိုချိုးဖောက်နေကြာင်းနှင့်၁၇(၁)အားပယ်ဖျက်ပေးရန် တောင်းဆိုမှု ပြုလုပ်ခဲ့သော်လည်း ယခုကဲ့သို့ဆက်ကြေးကောက်ခြင်း၊အတင်းအဓမ္မလူသစ်စုဆောင်းခြင်းများကြောင့် ကျေးလက်နေရှမ်းတိုင်းရင်း သား လူမျိုးများမှာ မိမိတို့မိသားစု၏စားဝတ်နေရေးအခက်အခဲများအပြင် RCSS/SSA အဖွဲ့၏အတင်းအဓမ္မ ဆက်ကြေးကောက်ခံလူသစ်စုဆောင်းနေသည့်လုပ်ရပ်များကြောင့်စိတ်သောကရောက်နေရကြောင်း ဒေသခံ တစ်ဦး ပြောပြချက် အရသိရပါသည်။

No comments:

Post a Comment