Thursday, August 29, 2013
ဒေသခံနှစ်ဦး လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရ
ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်နေ ဦးရှမ်း(ခ)ဦးအိုက်ထွန်း နှင့် မြောက်ရပ်ကွက်
နေ ဦးကျော်မင်းလွင် တို့နှစ်ဦးသည် သြဂုတ် ၂၇ရက် ညနေ ၆နာရီ ၄၅မိနစ်ခန့်က ကြူကုတ်မှ
ဈေးရောင်း၍ ဆိုင်ကယ်ဖြင့် မူဆယ်သို့ ပြန်လာစဉ် ကြူကုတ်၊ ပန်ဆိုင်းမြို့နယ်ခွဲ၊ ကျင်စန်းကျော့
ကျေး ရွာ အနီး၌ အရပ်ဝတ် ဝတ်ဆင်ထားသူ နှစ်ဦးက လက်နက်ငယ်ဖြင့် ပစ်ခတ်၍ ဆိုင်ကယ်
များအား မီးရှို့ ဖျက်ဆီးခဲ့သဖြင့် ဦးရှမ်း(ခ) ဦးအိုက်ထွန်းမှာ လက်နက်ငယ် ထိမှန် သေဆုံး ခဲ့ပြီး ဦးကျော်မင်းလွင်၏ ယာဘက်ပေါင် လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း
သတင်းရရှိသည်။
Tuesday, August 27, 2013
တန့်ယန်းမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးမှုဖြစ်
တန့်ယန်းမြို့တွင်သြဂုတ်လ၂၅ရက်နေ့ ကမိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်မြို့တွင်းရှိနမ့်ဟောင်ချောင်း ရေ လျှံပြီး ချောင်းအနီး အနိမ့်ပိုင်းရှိ ရပ်ကွက် (၆)နှင့် ရပ်ကွက် (၁၀) တို့တွင်ရေကြီးမှု ဖြစ်ပေါ်ခဲ့ကြောင်းနှင့်
တန့်ယန်းရေဘေးသင့်ပြည်သူ အိမ်ခြေ(၈၀)မှ လူဦးရေ(၄၁၀)ဦးအား တာဝန်ရှိသူများမှဝိန်းလောင်းဘုန်းကြီး ကျောင်းနှင့်ကိုင်းကုန်းပရိယတ္တိစာသင်တိုက်များသို့ပြောင်းရွှေ့ပေးခဲ့ပြီးစားသောက်စရာများ ထောက်ပံ့ပေးခဲ့ ကြောင်း သိရသည်။
Thursday, August 22, 2013
Friday, August 16, 2013
Thursday, August 15, 2013
ဆက်ကြေးကောက်ခြင်းဖြင့် ရပ်တည်နေသော RCSS/SSA
KIA သောင်းကျန်းသူများမှ ပန်ဆိုင်းရဲစခန်းအား သေနတ်ဖြင့် ပစ်ခတ်
Wednesday, August 14, 2013
မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်လေးများကို သရဖူပေးအပ်ချီးမြှင့်
ကမ္ဘာ့အဆင့် အလှမယ်ပြိုင်ပွဲများဖြစ်သော Miss Supranational 2013 နှင့် Miss Grand International 2013ပြိင်ပွဲကြီးများသို့သွားရောက် ယှဉ်ပြိုင်မည့်မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်လေးများကို သရဖူပေးအပ် ချီးမြှင့် ခြင်းနှင့် စာနယ်ဇင်းရှင်းလင်းပွဲ အခမ်းအနားကို သြဂုတ်လ ၁၄ ရက်နေ့၊ မနက် ၁၀ နာရီတွင် Trader
Tuesday, August 13, 2013
SSA (၀မ်ဟိုင်း)မှ ရွာသား(၂)ဦးအား ဖမ်းဆီးခေါ်ဆောင်
မိုးသည်ထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျကာ ရထားလမ်းပိတ်ဆို့
Sunday, August 11, 2013
Saturday, August 10, 2013
သီပေါမြို့နယ်တွင် တောင်ကျရေကြောင့် လူတစ်ဦးသေဆုံး
သြဂုတ်လ ၉ ရက်နေ့က သီပေါမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ့်လမ်အုပ်စု ကုန်းညောင်၊ စိန်ပန်း၊ အေးချမ်းသာယာနှင့် မမုံဟိန်ရပ်ကွက်များအတွင်း တောင်ကျရေ ၂ ပေခန့်ဝင်ရောက်ခဲ့ပြီး မမုံဟိန်နေဦးစိုင်းလှဌေးသည်တောင်ယာသို့သွားစဉ်နမ့်မော်ဆွေအုပ်စု နောင်တက်ရွာအနီး၊ နောက်တက်ရွာ အနီး တွင် ဆိုင်ကယ်အတူ တောင်ကျရေနှင့် မျောပါ သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး နမ့်လန်ရဲစခန်းတွင် သေမှု သေခင်းဖွင့်လှစ် စစ်ဆးလျက်ရှိကြောင်း သိရသည်။
SSA (၀မ်ဟိုင်း)အဖွဲ့မှ နမ္မ-၀မ်လုံ ကျေးရွာတွင် ဆက်ကြေးကောက်
Friday, August 9, 2013
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသား(၃၀)ဦး လွှဲပြောင်းပေးအပ်
သြဂုတ်လ၉ရက်နေ့ကမူဆယ်မြို့နှစ်နိုင်ငံနယ်စပ်ဝင်/ထွက်ပေါက်နန်းတော်ဂိတ်(ကျယ်-၁)တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီနယ်စပ်ကာကွယ်ရေးဌာနမှ တာဝန်ခံ မစ္စ် မို့လီဖန်း ဦးဆောင်သော အဖွဲ့သည် တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်၊ရွေလီမြို့ရန်ကျင်းမြို့နှင့်ကျန်းဖုန်းမြို့များတွင်တရားမ၀င် အလုပ်သွားရောက် လုပ်ကိုင်သူ(၃၀)ဦးအားလွဲပြောင်းပေးရာလူဝင်မှုကြီးကြပ်ရေးမှူးဦးသံချောင်းနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
Wednesday, August 7, 2013
Tuesday, August 6, 2013
လားရှိုး- သိန်းနီ ကားလမ်း ရေလျှံမှု ဖြစ်ပွား
ရှမ်းပြည်နယ် အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သြဂုတ် ၅ရက် နေ့လယ်ပိုင်းက လားရှိုး- သိန်းနီသွား ကားလမ်း ပေါ်ရှိ အေတီ တံတားအနီး ပတ်ဝန်းကျင်တွင် နန့်မျှော်ချောင်း ရေလျှံ မှုဖြစ်ပွားပြီး ကားလမ်းပေါ်သို့ အမြင့် ၂ပေခွဲ၊ အရှည်ပေ ၁ဝဝခန့် ရေလွှမ်း မိုးမှုဖြစ် ပေါ်ခဲ့သည်။
အဆိုပါ နေရာတွင် ယာဉ်ငယ်များသွားလာ
Monday, August 5, 2013
Sunday, August 4, 2013
Friday, August 2, 2013
မိခင်ကို သေသည်အထိ အစာငတ်ခံ ပစ်ထားခဲ့သူ ထောင် ၁၂နှစ်ကျ
Thursday, August 1, 2013
ခရစ်စတီယာ ရော်နယ်ဒိုက ယူရို ၁.၅သန်းတန် ရွှေဖိနပ်ကို လှူဒါန်း
Subscribe to:
Posts (Atom)