lashiothar 24 January 2013;
ရန်ကုန် ဒီဇင်ဘာ ၈
မော်တော်ကား ဝယ်ယူ သုံးစွဲသူများ
စိတ်ကျေနပ်မှု အပြည့်အဝ ပေးနိုင်မည့် မော်တော်ကား အရောင်းပြခန်း တစ်ခုကို
အမှတ်(၈၇) ပြည်လမ်း (၈)မိုင် လမ်းဆုံမီးပွိုင့် အနီး၌ ဖွင့်လှစ်
ရောင်းချလျက် ရှိသည်။ အဆိုပါ အရောင်း ပြခန်း တွင် အောက်ပါ လုပ်ငန်းများကို
ဆောင်ရွက်လျက် ရှိသည်။
-မော်တော်ယာဉ် တင်သွင်း နိုင်ရန်အတွက်
ဘဏ်တွင် ကိုယ်ပိုင် နိုင်ငံခြား ငွေစာရင်း ဖွင့်ပေးခြင်း
သို့မဟုတ်
ကုမ္ပဏီ၏ နိုင်ငံခြား ငွေစာရင်းဖြင့် အသုံးပြု ဆောင်ရွက်ပေးခြင်း။
-ဝယ်ယူထားသော မော်တော်ယာဉ်အား ပြည်ပမှ
ရန်ကုန်ဆိပ်ကမ်း အရောက် တင်ပို့ပေးခြင်း၊ ဆိပ်ကမ်းနှင့် အကောက်ခွန်
ဦးစီးဌာန တို့တွင် ရှင်းလင်း ထုတ်ယူပေးခြင်း။
-က.ည.န (ရန်ကုန်)တွင် ယာဉ် မှတ်ပုံတင်ပြီး လက်ဝယ်အရောက် အပ်နှံပေးခြင်း။
-မိမိ နှစ်သက်ရာ မော်တော်ယာဉ် များကို ဂျပန်လေလံ ပေါက်ဈေးဖြင့် Online မှ မူရင်း ဈေးအတိုင်း တိုက်ရိုက် ဝယ်ယူပေးခြင်း။
-မော်တော်ယာဉ် ဈေးနှုန်း အပေါ်တွင် အကျိုးအမြတ် (လုံးဝ) မယူခြင်း။
-တစ်ပတ်အတွင်း မော်တော်ယာဉ် လေလံ ဈေးနှုန်းများကို အခမဲ့ လာရောက်ကြည့်ရှု လေ့လာနိုင်ခြင်း။
-မိမိ သုံးစွဲနိုင်သော ငွေကြေး ပမာဏနှင့် တွက်ချက်၍ ကားဝယ်ယူ တင်သွင်းရန် အကြံပြု ဆွေးနွေး ဝယ်ယူ ပေးနိုင်ခြင်း။
- Light Truck, Heavy Truck နှင့် Bus ကားများ အတွက်လည်း new account ဖြင့် လေလံ ဝယ်ယူ နိုင်ခြင်း။
-အငှား ဝယ်ယူစနစ် (Hire Purchase) ဖြင့် ဝယ်ယူနိုင်ခြင်း။
Hire Purchase စနစ်ဖြင့် ဝယ်ယူရာတွင်
ကျသင့်သည့် မော်တော်ယာဉ် တန်ဖိုး၏ ၃ဝ ရာခိုင်နှုန်း၊ ၄ဝ ရာခိုင်နှုန်း၊ ၅ဝ
ရာခိုင်နှုန်းကို လက်ငင်း ပေးချေရမည် ဖြစ်ပြီး ကျန်တန်ဖိုးကို ၁၅ လ၊
၁၉လနှင့် ၂၄ လ စသည်ဖြင့် မိမိ စိတ်ကြိုက် ပေးချေနိုင်ကြောင်း သိရသည်။
အဆိုပါ အရောင်း ပြခန်းတွင် Honda, Isuzu, Lexus, Mitsubishi, Suzuki,
Toyota စသည့် ဂျပန် နိုင်ငံထုတ် ခေတ်မီ မော်တော်ယာဉ် အမျိုးအစား များကို
စိတ်ကြိုက် မှာယူခြင်း၊ ဝယ်ယူခြင်းများ ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း
သတင်းကောင်း ပါးလိုက်ပါသည်။ အဆိုပါ အရောင်း ပြခန်း၏ လိပ်စာမှာ အမှတ် (၈၇)
ပြည်လမ်း (၈)မိုင် လမ်းဆုံ မီးပွိုင့်အနီး ဖုန်း-ဝ၁- ၆၅၆၈၆ဝ၊ ဝ၁-၆၅၆၈၇ဝ
ဖြစ်ကြောင်း သိရသည်။
From: http://myawady.com.mm
No comments:
Post a Comment