lashiothar: 23 January 2013;
ယနေ့ခေတ်သည် IT နည်းပညာ ဦးဆောင်
လွှမ်းမိုး မှုကြောင့် ကမ္ဘာ တစ်ဝန်းရှိ လူငယ် များသည် IT နည်းပညာ အသုံးပြု
ထားသည့် အီလက်ထရွန်နစ် အသုံးအဆောင် ပစ္စည်း များဖြင့် နေ့စဉ်ထိတွေ့
အသုံးပြုလျက် ရှိသည်။ အထူးသဖြင့်ဆဲလ်ဖုန်းများ၊ Tablet သင်ပုန်း
ကွန်ပျူတာများ အသုံးများ လာခဲ့ပြီ
အနည်းဆုံး သီချင်းနားထောင်ရန် အတွက် MP4
ပလေယာများ အသုံးပြုလျက် ရှိသည်။
ယနေ့လူငယ်များ သီတင်း တစ်ပတ်လျှင်
တစ်ရက်မျှ IT နည်းပညာ အသုံးအဆောင် ပစ္စည်းများ အသုံးမပြုဘဲ နေနိုင်မှာလားဟု
မေးခွန်း ထုတ်စရာ ဖြစ် လာပါသည်။ ယနေ့ လူငယ်များသည် iPhone အသုံးပြုပြီး
အင်တာနက် အသုံးပြုခြင်း၊ Chatting ပြုလုပ်ခြင်း၊ Onlime ပေါ်မှာ စာအုပ်များ
ဖတ်ခြင်း၊ စာပို့ခြင်း၊ ဂိမ်းကစားခြင်း၊ ရုပ်ရှင်ကြည့်ခြင်း သီချင်း
နားထောင်ခြင်း စသည်ဖြင့် ကုန်ဆုံးစေသည်။ နောက်ဆုံး ညအိပ်ယာ ဝင်ချိန်အထိ
iPhone ကို အသုံးပြုလျှက် အိပ်စက်သော လူငယ်များမှာ IT နည်းပညာသုံး
ပစ္စည်းများ၏ ကျေးကျွန်များ သဖွယ် ဖြစ်ခဲ့ရသည်။ ယနေ့ ခေတ်လူငယ်တို့၏ တန်ဖိုး
ရှိသော အချိန်များကို ထိရောက်စွာ အသုံးချရန် လိုအပ်ပေသည်။
မကြာသေးမီ နှစ်များက လူငယ်များ အတွင်း
iPhone စွဲလမ်းမှုကြီးများ ဖြစ်ပေါ်လာခဲ့သည်။ လေ့လာချက်များ အရ
တရုတ်(တိုင်ပေ)နှင့် တရုတ်နိုင်ငံမှ ဆရာဝန်များက လူငယ်များ အတွင်း iPhone
စွဲလမ်းမှု သို့မဟုတ် iPhone ရောကဂါ လက္ခဏာများ တစ်နေ့ထက် တစ်နေ့
ပိုမိုများပြား လာသည် ကို တွေ့ရှိခဲ့ရသည်။ အမေရိကန် နိုင်ငံရှိ စတန်းဖို့စ်
တက္ကသိုလ်က သုတေသန ပြုလုပ်ချက် အရ လူငယ် ၇၅ % သည် iPhone နှင့် အတူ အိပ်ရာ
ဝင်ကြပြီး ၉၄ % မှာ iPhone မသုံးရ မနေနိုင်အောင် စွဲလမ်းမှုများ
ဖြစ်ပေါ်နေသည်ကို တွေ့ရှိရသည်။ ထို့ပြင် အခြားသော သုတေသန ပြုလုပ်မှု အရ
ဆယ်ကျော် သက် လူငယ်များကလည်း တစ်နေ့လျှင် ဖုန်းဖြင့် မက်ဆေ့ခ်ျ အကြိမ် ၆၀
ခန့် ပေးပို့ကြောင်း တွေ့ရှိရသည်။
အမေရိကန် စိတ်ပိုင်းဆိုင်ရာ လေ့လာရေး
အသင်းက အင်တာနက် စွဲလမ်းမှုကြောင့် စိတ်ပိုင်း ဆိုင်ရာ မူမမှန် လက္ခဏာများကို
ထောက်ပြခဲ့သည်။ လက်ရှိ အချိန်တွင် အင်တာနက်သည် စားပွဲတင် ကွန်ပျူတာမှ
တစ်ကိုယ်ရေသုံး ဆဲလ်ဖုန်းအထိ လွယ်ကူစွာ အသုံးပြု လာနိုင် မှုကြောင့် လူငယ်ထု
အတွင်း အလွယ်တကူ ပျံ့နှံ့ ရောက်ရှိပြီး တစ်ဦးတည်း ဆိတ်ငြိမ်စွာ ထီးတည်း
နေထိုင်လာကြသည်။
လေ့လာမှု အရ အင်တာနက် အသုံးပြုသော
သူများသည် ပညာရေး ဆိုင်ရာ လေ့လာမှု မဟုတ်ဘဲ အခြား အသုံးပြုမှု သို့မဟုတ်
အလုပ်အကိုင် ရှာဖွေခြင်း မဟုတ်သော အင်တာနက် အသုံးပြုမှု တို့သည် သီတင်း
တစ်ပတ်လျှင် ၃၈ နာရီကျော် အသုံးပြုပါက အင်တာနက် စွဲလမ်းသည်ဟု အဓိပ္ပါယ်
ဖွင့်ဆိုကြ သည်။ ဤအချက်ဖြင့် တိုင်းတာပါက လူငယ်များသည် စာသင်ချိန်၊
စာကျက်ချိန်၊ အားလပ်ချိန်နှင့် အနားယူ ချိန်များတွင် IT ပစ္စည်းများ
မထိခိုက် စေ ရန်နှင့် ကျန်းမာရေး ဂရုပြုရန် လိုအပ်ကြောင်း ထောက်ပြနေ ပါသည်။
သို့မဟုတ်ပါက IT နည်းပညာ ပစ္စည်းများ၏ လွှမ်းမိုးမှုကြောင့် တန်ဖိုးရှိ
အချိန်များ အလဟဿ ကုန်ဆုံးကာ ငွေကုန်ပြီး အကျိုးမရှိသည့် အဖြစ်မျိုး
မရောက်အောင် ဂရုပြုရန် လိုအပ်ပေသည်။ အထူးသဖြင့် စိန်ခေါ်မှုများ
ပြည့်နှက်နေသည့် ကမ္ဘာကြီးတွင် လူငယ်များသည် အနာဂတ်၏ ဦးဆောင်နိုင် သူများ
ဖြစ်စေရန် IT နည်းပညာက ကြီးစွာသော အထောက် အပံ့ ဖြစ်စေသည် ဆိုသည့် အချက်ကို
မမေ့အပ်ပေ။
From: http://myawady.com.mm
No comments:
Post a Comment