KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ ဖားကန့် ရတနာ တောင်တန်း ကုမ္ပဏီ အား အကြောင်းမဲ့ မီးရှို့ ဖျက်ဆီးထားသည်ကို တွေ့ရစဉ်။
KIA အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့်
နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေးကို နှောင့်ယှက် ဖျက်ဆီးလျက်ရှိရာ ၂ဝ၁၃
ခုနှစ် ဇန်နဝါရီ ၂၈ ရက် နံနက် ၁ နာရီခွဲ ခန့်တွင် ဖားကန့်မြို့နယ်
ဖားပြင်ကျေးရွာ
အနီး ရတနာ တောင် တန်း ကုမ္ပဏီ အား အကြောင်းမဲ့ မီးရှို့ ဖျက်ဆီး ခဲ့သဖြင့် ကုမ္ပဏီ အတွင်းရှိ ဝန်ထမ်း နှစ်ထပ် အိပ်ဆောင်တစ်လုံး မီးလောင်ကျွမ်း ခဲ့ပြီး ဒေသခံ ပြည်သူများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မီးငြှိမ်းသတ် မှုကြောင့် နံနက် ၃ နာရီ ခန့်တွင် မီးငြိမ်း သွားခဲ့ကြောင်း သတင်းရရှိသည်။

From: www.MyanmarExpress.net
No comments:
Post a Comment