နိုင်ငံတော်၏ လွတ်လပ်ရေး ကြိုးပမ်းမှု
အတွက် ပေါက်ဖွားလာသော မျိုးချစ် မြန်မာ့ တပ်မတော်သည် တိုင်းရင်းသား
သွေးချင်းများဖြင့် ဖွဲ့စည်း ထားသော ပြည်ထောင်စု တပ်မတော် ဖြစ်သည်။ မြန်မာ့
တပ်မတော်အားကစားကဏ္ဍသည်လည်း လွတ်လပ်ရေးနှင့် အတူပေါက်ဖွားလာခဲ့ပြီး
နိုင်ငံ့ဂုဏ်ကို
ဆောင်နိုင်ခဲ့သည်။
ဆောင်နိုင်ခဲ့သည်။
နိုင်ငံတော် လွတ်လပ်ရေး ပြန်လည်ရရှိ
ခဲ့ပြီးနောက် ၁၉၄၈ ခုနှစ် ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၁၄ ရက်အထိ အင်္ဂလန်
နိုင်ငံ လန်ဒန်မြို့၌ ကျင်းပခဲ့သည့် (၁၄)ကြိမ်မြောက် ကမ္ဘာ့ အိုလံပစ်
ပွဲတော်တွင် မြန်မာ နိုင်ငံက ပြေးခုန်ပစ်၊ လက်ဝှေ့နှင့် အလေးမ အားကစား
နည်းများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ လက်ဝှေ့ပြိုင်ပွဲ ပထမ ပွဲစဉ်၌ ကနေဒါ
လက်ဝှေ့ကျော်ကို အမှတ်ဖြင့် အနိုင်ရကာ နောက်တစ်ဆင့် တက်ရောက်ခဲ့သည့်
မြန်မာ့ လက်ဝှေ့ကျော် မျိုးသန့်သည် ကမ္ဘာ့ အိုလံပစ်သို့ ဝင်ရောက်
ယှဉ်ပြိုင်ခွင့် ရသည့် ပထမ ဆုံးသော မြန်မာ့ တပ်မတော်သား ဖြစ်သည်။ တပ်မတော်
သားများသည် လန်ဒန် အိုလံပစ် ပြိုင်ပွဲများမှ စတင်၍ ကမ္ဘာ့ အိုလံပစ်
ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် ခဲ့ကြရာ ၁၉၅၂ ခုနှစ် ဟယ်လင်
စကီးမြို့တွင် ကျင်းပခဲ့သည့် (၁၅) ကြိမ်မြောက် ကမ္ဘာ့ အိုလံပစ် ပြိုင်ပွဲ၊
၁၉၅၆ ခုနှစ် သြစတြေးလျ နိုင်ငံ မဲလ်ဘုန်းမြို့တွင် ကျင်းပခဲ့သည့် (၁၆)
ကြိမ်မြောက် ကမ္ဘာ့ အိုလံပစ် ပြိုင်ပွဲ၊ ၁၉၆ဝ ပြည့်နှစ်က အီတလီ နိုင်ငံ
ရောမမြို့တွင် ကျင်းပခဲ့သည့် (၁၇) ကြိမ်မြောက် ကမ္ဘာ့ အိုလံပစ် ပြိုင်ပွဲ၊
၁၉၆၄ ခုနှစ်တွင် ဂျပန် နိုင်ငံ၌ ကျင်းပခဲ့သည့် (၁၈)ကြိမ်မြောက် ကမ္ဘာ့
အိုလံပစ် ပြိုင်ပွဲ၊ ၁၉၆၈ ခုနှစ်တွင် မက္ကဆီကို နိုင်ငံ၌ ကျင်းပသော (၁၉)
ကြိမ်မြောက် ကမ္ဘာ့ အိုလံပစ် ပြိုင်ပွဲ၊ ၁၉၇၂ ခုနှစ်က အနောက် ဂျာမနီ နိုင်ငံ
မြူးနစ်မြို့တွင် ကျင်းပခဲ့သည့် အကြိမ် (၂ဝ)မြောက် ကမ္ဘာ့ အိုလံပစ်
ပြိုင်ပွဲ၊ ၁၉၈ဝ ပြည့်နှစ်က ယခင် ဆိုဗီယက် ပြည်ထောင်စု မော်စကို မြို့၌
ကျင်းပခဲ့သော (၂၂)ကြိမ်မြောက် ကမ္ဘာ့ အိုလံပစ် ပြိုင်ပွဲ၊ ၁၉၈၄ ခုနှစ်တွင်
အမေရိကန် ပြည်ထောင် စု လော့စ်အိန်ဂျလိစ် မြို့၌ ကျင်းပခဲ့သည့် (၂၃)
ကြိမ်မြောက် ကမ္ဘာ့ အိုလံပစ် ပြိုင်ပွဲများသို့ မြန်မာနိုင်ငံ ကိုယ်စားပြု
အားကစား သမားများ ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြရာ တပ်မတော် အားကစား သမားများ
ပါဝင် ခဲ့ကြသည်။
မြန်မာ့ အားကစား ရွှေခေတ် ထူထောင် ခဲ့စဉ်က
ကျွန်းဆွယ် အားကစား ပြိုင်ပွဲများနှင့် ဆီးဂိမ်း ပြိုင်ပွဲများတွင် နိုင်ငံ
ကိုယ်စားပြု တပ်မတော် အားကစား သမားများ ပါဝင်ယှဉ်ပြိုင် ခဲ့ကြရာ
ရွှေတံဆိပ်များ ဆွတ်ခူးပေးနိုင် ခဲ့သည်။ မြန်မာ့ တပ်မတော် ဘောလုံး
အသင်းသည်လည်း အစဉ်အလာ ကြီးမားခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သော
မြန်မာ့ တပ်မတော် ဘောလုံး အသင်းမှ အားကစား သမားများသည် မြန်မာ့ဘော လုံး
ရွှေခေတ်ကို ထူထောင် ပေးခဲ့သည့် မှတ်တမ်းများ ရှိပြီးဖြစ်သည်။ ၁၉၇၅ ခုနှစ်
နောက်ပိုင်း ဖွဲ့စည်းခဲ့သော မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းမှာလည်း
တပ်မတော်သား ဘောလုံး အားကစား သမားများ ပါဝင်ခဲ့ သည်။
ယနေ့ ကမ္ဘာ့နိုင်ငံ အသီးသီး တို့သည်
နိုင်ငံတော်ကို စစ်ရေးဖြင့် ကာကွယ်စောင့်ရှောက် နေကြ သကဲ့သို့ နိုင်ငံရေး၊
စီးပွားရေး၊ လူမှုရေး နည်းလမ်း များဖြင့် နိုင်ငံတော် စွမ်းရည် တိုးတက်အောင်
တည်ဆောက်နေကြ သည်။ အချို့ နိုင်ငံများသည် အားကစားဖြင့် နိုင်ငံ့စီးပွား
တိုးတက်အောင် ဆောင် ရွက်လျက် ရှိသည်။ နိုင်ငံတကာ အားကစား ပြိုင်ပွဲ
များမှာလည်း ခေတ်နှင့်အညီ နည်းစနစ်၊ နည်းပညာနှင့် တစ်ဦးချင်း အရည်
အသွေးများ တိုးတက် လာကြကာ ယှဉ်ပြိုင်မှု ပိုမိုအားကောင်း လာနေပြီ ဖြစ်သည်။
ယနေ့ နိုင်ငံတော်တွင် မြန်မာ့ အားကစား
အောင်မြင်မှု သမိုင်း မှတ်တမ်းများနှင့် ဒွန်တွဲလျက် ရှိနေသော မြန်မာ့
တပ်မတော်သား အားကစား အစဉ် အလာ ကောင်းများကို ဆက်လက် ထိန်းသိမ်းရန် တပ်မတော်
သည် (ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲများကို နှစ်စဉ် ကျင်းပနေခြင်း
ဖြစ်သည်။
သို့ဖြစ်၍ ပြိုင်ပွဲဝင် အားကစား
သမားများသည် နိုင်ငံတော်နှင့် တပ်မတော်က အားကိုးအားထား ပြုရသော
နိုင်ငံ့ဂုဏ်ဆောင် အားကစား သမား များ ဖြစ်အောင် ၂ဝ၁၃ ခုနှစ် တပ်မတော်
(ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲများမှ စ၍ ကြိုးစား စွမ်းဆောင်ကြကာ
တပ်မတော် အားကစား မှသည် ကမ္ဘာ့ အားကစား ဆီသို့ တက်လှမ်း နိုင်ရမည် ဆိုသော
သန္နိဋ္ဌာန်စိတ် ချမှတ်၍ တရားသော ယှဉ်ပြိုင်မှုဖြင့် ပါဝင် ယှဉ်ပြိုင်ကြ ပြီး
ပြည်ထောင်စု တပ်မတော် ကြီး၏ အားကစား စွမ်းရည်ဂုဏ်ကို မြှင့်တင်
နိုင်ကြစေရန် တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။
From: http://www.myawady.net.mm
No comments:
Post a Comment