Wednesday, 16 January 2013 09:52
နေပြည်တော် ဇန်နဝါရီ ၁၅
ည ၈ နာရီ ၇ မိနစ် ခန့်တွင် မိုင်းပေါက် ကွဲ ဖြစ်စဉ် နှစ်ခုတစ် ပြိုင်တည်း ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
မိုင်းပေါက်ကွဲ မှုကြောင့် တံတားအမှတ်
(၄၃၆)တွင် ရေလယ်တိုင် အမှတ် (၂)၏ အရှေ့ဘက် အောက်ခြေ အုတ်ကြမ်းခင်း တစ်ပေခွဲ
ပတ်လည်၊ အနက် တစ်ပေ ပျက်စီးပြီး ရေလယ်တိုင်၏ အရှေ့ဘက် အောက်ခြေ အမြင့် ၂
ပေ ပတ်လည်၊ အနက် ၄ ပေ ၆ လက်မခန့် ပျက်စီး၍ ရလယ်တိုင် အတွင်း သံချောင်းများ
ပေါ်ခဲ့ပြီး တံတား သံပေါင် အနောက် ဘက်သို့ ၃ ပေခန့် ရွေ့ပြီး ဇလီဖားတုံး ၁၅
တုံးခန့် ပျက်စီး သွားခဲ့သည်။ ထို့အတူ တံတား အမှတ်(1 BK)၏ ရေလယ်တိုင်
အမှတ် (၂) အနောက်ခြမ်း၌ အမြင့် ၈ ပေ၊ အနံ ၂ ပေခွဲပျက် စီး၍ အောက်ခြေ
အုတ်များ ပြိုကျခဲ့ပြီး ၄ ပေ အရှည်ရှိသော အက်ကြောင်းများ ဖြစ်ပေါ်ကာ တံတား
သံပေါင် အရှေ့ဘက်သို့ ၃ ပေခန့် ရွေ့ပြီး ဇလီဖားတုံး ၆ဝ ခန့် ပျက်စီး
သွားကြောင်း သိရှိရ သည်။
အဆိုပါ ပျက်စီးမှု များအား မြန်မာ့မီး ရထား
ဝန်ထမ်းများက ရထား လမ်းပိုင်းများ အမြန်ဆုံး ပြန်လည် ဖွင့်လှစ်နိုင်
ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ယနေ့ မွန်းလွဲ ၂ နာရီ ခွဲတွင် တံတား
အမှတ် (၄၃၆)ကို ပြုပြင် ပြီးစီးသဖြင့် မန္တလေး- မြစ်ကြီးနား လမ်းပိုင်း၌
ရထားများပုံမှန် သွားလာနိုင်ပြီ ဖြစ်ကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီး
ဌာနမှ သိရသည်။
KIO/KIA အဖွဲ့ အနေဖြင့် မီးရထားလမ်း
မိုင်းထောင် ဖျက်ဆီးမှု များကို အဆက်မပြတ် ပြုလုပ်လျက် ရှိရာ မြစ်ကြီးနား-
မန္တလေး လမ်းပိုင်းတွင် (၅၆) ကြိမ်နှင့် မန္တလေး- လားရှိုး လမ်းပိုင်းတွင်
နှစ်ကြိမ်၊ နဘား- ကသာလမ်းတွင် တစ်ကြိမ် စုစုပေါင်း (၅၉)ကြိမ် ရှိသွားပြီ
ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment