lashiothar ၊ 23 jan 2013;
ကမ္ဘာ့ နိုင်ငံများ၏ အခြေ အနေကို လေ့လာ
ကြည့်ပါက သဘာဝ သယံဇာတ ကြွယ်ဝပါလျက် စီးပွားရေး တိုးတက်မှုနိမ့်ကျပြီး ဆင်းရဲမှုအညွှန်း ကိန်းမြင့်မားနေသောနိုင်ငံ အရေအတွက် များပြားနေကြောင်း
တွေ့ရမည် ဖြစ်သည်။
ဤသို့ ဖြစ်ရသည့် အကြောင်းရင်းမှာ အဆိုပါ
နိုင်ငံ များသည် စီးပွားရေး အရ သယံဇာတ များအပေါ် လိုအပ်သည်ထက် ပို၍ မှီခို
အားထား လွန်း သောကြောင့် ဖြစ်သည်။ အာဖရိက နိုင်ငံများ၏ ပို့ကုန်ရငွေ
သုံးပုံ တစ်ပုံကျော်မှာ သယံဇာတ မှရရှိသည်။ လက်တင် အမေရိက နိုင်ငံများမှ
ဗင်နီဇွဲလား၊ မက္ကဆီကို၊ ဘိုလစ်ဗီးယား၊ ပီရူးနှင့် အီကွေဒေါ စသည့်
နိုင်ငံများ၊ အရှေ့ အာရှမှ အင်ဒို နီးရှားနှင့် ပါပူဝါ နယူးဂီနီ
နိုင်ငံများ စသည်တို့ သည်လည်း အလားတူ ဖြစ်သည်။
ပါပူဝါ နယူးဂီနီ နိုင်ငံသည်
ရွှေသိုက်များနှင့် သစ်မာပေါသော သစ်တောများမှ ရရှိသည့် ဝင်ငွေ အပေါ်တွင် အဓိက
မှီခို နေရသည်။ ဤသို့ သဘာဝ က ပေးသော အရင်း အမြစ်များ အပေါ် မှီခို
အားကိုးမှု လွန်ကဲ လာသည်နှင့် ကိုယ်ပိုင် အားထုတ်မှု လျော့နည်း စေတတ်သည်။
ထို့ကြောင့် သယံဇာ တ ကြွယ်ဝသော နိုင်ငံ အများစုမှာ ဆင်းရဲသား လူဦးရေ
များသော ချမ်းသာသည့် နိုင်ငံဖြစ်နေ ကြသည်ကို မြန်မာ စကားပုံ အရ
''ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်'' ဟု ခိုင်းနှိုင်းကြခြင်း
ဖြစ်သည်။ ပါပူဝါ နယူးဂီနီ ကမ်းလွန် ပင်လယ်ပြင်ရှိ ဘူဂိန်း မီလီ ကျွန်းကလေး
ပေါ် တွင် ရွှေ၊ ငွေနှင့် ကြေးနီ သိုက်ကြီးများ ရှိသည်။ ၁၉၈၉ ခုနှစ်တွင်
ထိုသယံ ဇာတကို အကြောင်းပြု၍ နိုင်ငံရေး မငြိမ် သက်မှုကို လူတစ်စုက ပြုလုပ်
ခဲ့သည်။
အာဖရိကမှ ဆီရာလီယွန် နိုင်ငံသည်
စိန်ထွက်သော နိုင်ငံဖြစ်သည်။ စိန်တွင်းများကို လာရောက် လုယက်သော
သူပုန်များနှင့် အစိုးရ တပ်တို့ ပစ်ခတ်မှု ဖြစ်ပွားသည့် ၁၉၉ဝ မှ ၂ဝဝဝ
ပြည့်နှစ်အထိ ဆယ်စုနှစ် တစ်ခု ကာလအတွင်း လူပေါင်း ၇၅ဝဝဝ မျှ အသက်ဆုံးရှုံး
ခဲ့ရပြီး နောက်ထပ် လူပေါင်း ၂ဝဝဝဝ ခြေပြတ်လက်ပြတ် ဖြစ်၍ ဒုက္ခိတ ဘဝ
ရောက်ခဲ့ရသည်။ ထို့ထက် ပိုဆိုးသည်မှာ ပဋိပက္ခ နယ်မြေမှ မြေစာပင် ဖြစ်ခဲ့ရသော
ကလေး သူငယ်များ၏ စိတ်ဓာတ် ရေးရာများ ပျက်စီး ခဲ့ရခြင်း ဖြစ်သည်။
ကွန်ဂိုနှင့် အင်ဂိုလာ ပြည်တွင်း စစ်တို့ မှာလည်း အလားတူပင် ဖြစ်သည်။
ပဋိပက္ခ အကြောင်းရင်း များမှ အခြားအကြောင်း
တစ်ခုမှာ ကိုလိုနီ စနစ်က တင်ကူးကြံရွယ် ချက်ဖြင့် ထားရစ်ခဲ့သော
ထောင်ချောက်ဖြစ် သည်။ နိုက်ဂျီးရီးယား နိုင်ငံမှ ရေနံ ပေါကြွယ် ဝသော
အိုဂိုနီလန်း ဒေသ၊ အီရတ်နိုင်ငံ အတွင်းမှ ရေနံတွင်း အများစု ရှိရာ
ရှီးယိုက်တို့၏ တောင်ပိုင်းဒေ သ၊ ကဒ်တို့၏ မြောက်ပိုင်း ဒေသတို့မှာ
နိုင်ငံရေး မငြိမ်သက် မှုများ ဖြစ်လျက် ရှိသည်။
မြန်မာ နိုင်ငံသည် ကိုလိုနီ ဘဝဖြင့်
နေရစဉ်က ၁၉၃၇ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော တောင်ပေါ် မြေပြန့် ခွဲခြား
အုပ်ချုပ်မှုကို ၁၉၄၇ ခုနှစ်တွင် တိုင်းရင်း သား တို့၏ တစည်း တလုံးတည်း
စိတ်ဓာတ်ဖြင့် ပယ်ဖျက် နိုင်ခဲ့သည်။ သို့သော် လွတ်လပ်ရေး ရပြီး ပဋိပက္ခ
များမှာ ဆယ်စုနှစ် အတော်ကြာ ရှည်ခဲ့ သည့် ကာလအတွင်းပဋိပက္ခများအဆုံးသတ်
ဆောင်ရွက်နိုင်ခဲ့ ပါသည်။ ကျန်ရှိနေသော မြန်မာပြည် မြောက်ပိုင်းမှ ပဋိပက္ခ
ကိုလည်း စေ့စပ် ညှိနှိုင်း ဆွေးနွေးရန် နိုင်ငံတော် အစိုးရက စိတ်ရှည်
သည်းခံကာ ဖိတ်ခေါ်ထားပြီး ဖြစ်ပါသည်။
သို့ဖြစ်၍ သိပ္ပံနည်းကျ သမိုင်းရေး
အမြင်ဖြင့် ပြည်ထောင်စု စိတ်ဓာတ် အရင်းခံ၍ ပြည်သူ့ အကျိုးကို ရှေးရှုကာ
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များ အောင်မြင်စွာ ပြုလုပ်နိုင်ရေး
တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး ဝိုင်းဝန်း ကြိုးပမ်း ကြပါရန်
တိုက်တွန်းနှိုးဆော် လိုက်ပါသည်။
From ; http://myawady.com.mm
No comments:
Post a Comment