Tuesday, January 15, 2013

Google Nexus 4 အဆင့်မြင့်ဖုန်း ပြည်တွင်း ဈေးကွက်သို့ ဝင်ရောက်လာ

lashiothar 16 january 2013
တောင်ကိုရီးယား နိုင်ငံ အခြေစိုက် LG အီလက် ထရောနစ် ကုမ္ပဏီက ထုတ်လုပ် လိုက်တဲ့ Google Nexus 4ဟာ ယခု တစ်ပတ် ရန်ကုန် ဈေးကွက်ကို ဝင်ရောက် လာတဲ့ နည်းပညာမြင့် မိုဘိုင်း ဟန်းဆက် တစ်ခု ဖြစ်ပါတယ်။ နာမည်ကြီး အင်တာနက် ဝန်ဆောင်မှုကုမ္ပဏီ တစ်ခုဖြစ်တဲ့ Google ကုမ္ပဏီနဲ့ ပေါင်းစပ် ထုတ်လုပ် ထားခြင်းကြောင့် အင်တာနက် အသုံးပြုသူများ အတွက် ပိုမို ကောင်းမွန်တဲ့ ဖုန်းတစ်လုံး ဖြစ်
တယ် ဆိုတာ ငြင်းလို့ မရနိုင်အောင် ဖြစ်ရပါတယ်။မျက်နှာပြင် အရွယ်အစား ကတော့ ၄ ဒသမ ၇ လက်မ ရှိပြီး Resolution အနေနဲ့ 768x1280 ရှိတဲ့ အတွက် ကြောင့် Games၊ Internet အသုံးပြုသူများ အတွက် ပိုမို အဆင်ပြေ စေပြီး Multitouch စနစ်ပါဝင်ကာ Touch စနစ်လည်း ပိုမို ကောင်းမွန်တယ်လို့ သိရပါတယ်။
နည်းပညာမြင့် ဒီဇိုင်းဖြင့် ပြုလုပ်ထားတဲ့ အတွက် သပ်ရပ်လှပကာ ပါးလွှာပြီး သယ်ဆောင်ရ လွယ်ကူခြင်း ကြောင့် မိုဘိုင်းဖုန်း အသုံးပြုသူများ အကြိုက်ေ တွ့စေမှာပါ။ Android OS 4.2 (Jelly Bean) ကို အသုံးပြု ထားပြီး 1.5 GHz Quad Core အမျိုးအစား Processor ကို အသုံးပြုထားကာ RAM  အနေဖြင့် လည်း 2 GB အထိ ပါဝင်တဲ့ အတွက်ကြောင့် ပိုမိုကောင်းမွန်တဲ့ Performance ကို ရရှိစေမှာ ဖြစ်ပါတယ်။ Data သိမ်းဆည်း နိုင်မှု ပမာဏကတော့ Internal 16 GB ပါဝင်ပြီး ကင်မရာ Resolution အနေဖြင့် 8 Megapixel အထိ ပါဝင်ကာ Mobile Video Chat လည်း အသုံးပြုလို့ ရတယ်လို့ သိရပါတယ်။ အင်တာနက် အသုံးပြုသူတွေ ပိုမို အဆင်ပြေစေဖို့အတွက် Wi-Fi Data အပို့ယူ အားကောင်းတဲ့စနစ် ပါဝင်တဲ့အတွက် အင်တာနက် access ကို မြန်ဆန်စွာ ပြုလုပ်နိုင်ပြီး ဖုန်းရဲ့ ဘက်ထရီကို အားသွင်းဖို့ အတွက်လည်း Built-in Wireless အားသွင်းစနစ် တစ်ခုကိုလည်း ထည့်သွင်းပေးထားပါ တယ်။ ထို့ပြင် NCF, GPS, Bluetooth နှင့် 4G Data Speeds စနစ်လည်းပါဝင်တယ်လို့ သိရပါတယ်။ ဈေးနှုန်းကတော့ ၄၆၉၀၀၀ ကျပ်ဖြစ်ပါတယ်။ LG Nexus 4 မိုဘိုင်းဟန်းဆက်ကို မှာယူချင်သူများအတွက် ဖုန်း ၀၉-၇၃၁၇၁၂၁၂၊ ၇၃၁၇၁၂၁၃ သို့ ဆက်သွယ် ဝယ်ယူနိုင်ပါတယ်။
Ref : yatanarpon

No comments:

Post a Comment